Asia
ထိုင်းနိုင်ငံ အရှေ့ပိုင်းတွင် ပစ်ကပ်ကားတစ်စီးမှောက်၍ လူ ၆ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ
ဘန်ကောက်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ အရှေ့ပိုင်း ဆာခရို (Sa Kaeo) ပြည်နယ်တွင် ဧပြီလ ၁၉ ရက်ညပိုင်းက ပစ်ကပ်ကားတစ်စီး လမ်းဘေးမြောင်း အတွင်းသို့ တိမ်းမှောက်ခဲ့ရာ ထိုင်းနိုင်ငံသား ဆယ်ကျော်သက် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ သဘာဝဘေးကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန (DDPM) က ယနေ့ (ဧပြီလ ၂၀ ရက်) တွင် ပြောကြားလိုက်သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုသည် ဧပြီလ ၁၉ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီက ဆာခရိုပြည်နယ် ဝန်နမ်ယန်ခရိုင်ရှိ ချန်သဘူရီ-ဆာခရို လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို ဆယ်ကျော်သက်များသည် ဆာခရိုပြည်နယ်တွင် ရေသဘင်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီးနောက် နေအိမ်သို့ ပြန်လာရာလမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ကားအား တစ်နာရီလျှင် ၁၇၀ ကီလိုမီတာဖြင့် မောင်းနှင်ခဲ့ခြင်းကြောင်း သတင်းများက ဖော်ပြထားသော်လည်း ယာဉ်တိမ်းမှောက်မှု၏ တိကျသည့်အကြောင်းရင်းအား စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အဆိုအရ ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် တစ်နေ့လျှင် ပျမ်းမျှ လူ ၆၆ ဦး သေဆုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)