Asia
ဓနသဟာယနိုင်ငံများအဖွဲ့နှင့် ပြန်လည်ချိတ်ဆက်ရန် မော်လ်ဒိုက်နိုင်ငံ ဆုံးဖြတ်

မေးလ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
မော်လ်ဒိုက်နိုင်ငံသည် ၂၀၁၆ ခုနှစ်က နုတ်ထွက်ခဲ့သည့် ဓနသဟာယနိုင်ငံများအဖွဲ့၏ အဖွဲ့ဝင်အဖြစ် တစ်ဖန် ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြောင်း သမ္မတ Ibrahim Mohamed Solih က ၎င်း၏ အစိုးရအဖွဲ့သစ်အား အသိပေးလိုက်ကြောင်း နိုဝင်ဘာလ ၂၁ ရက်တွင် သမ္မတရုံးက ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
အစိုးရအဖွဲ့အစည်းအဝေး၌ ဝန်ကြီးများက မော်လ်ဒိုက်ပြည်သူများ အထူးသဖြင့် လူငယ်များအတွက် အခွင့်အလမ်းများစွာကို ဖွင့်ပေးနိုင်မည်ဟု မှတ်ချက်ပြုခြင်းဖြင့် ဓနသဟာယနိုင်ငံများအဖွဲ့အတွင်းရှိနေခြင်းက အကျိုးကျေးဇူးများကို မီးမောင်းထိုးပြခဲ့ကြောင်း သမ္မတရုံးက ပြောကြားခဲ့သည်။
ထို့ပြင် ဓနသဟာယတွင် တည်ရှိခြင်းအားဖြင့် ပညာသင်ဆုများ လွယ်ကူချောမွေ့ခြင်းနှင့် မော်လ်ဒိုက်အားကစားသမားများအတွက် နိုင်ငံတကာတွင် ပါဝင်ရန် အခွင့်အရေးများစွာရှိကြောင်း ဆွေးနွေးခဲ့ကြသည်။
သမ္မတ၏ ဆုံးဖြတ်ချက်နောက်ဆက်တွဲအနေဖြင့် ဓနသဟာယနိုင်ငံများအဖွဲ့နှင့် မော်လ်ဒိုက်နိုင်ငံ ပြန်လည်ချိတ်ဆက်ရေး လှုပ်ရှားမှုတွင် လုပ်ဆောင်ရမည့်အရာများကို သက်ဆိုင်ရာအာဏာပိုင်များက လုပ်ဆောင်နေကြောင်း သိရသည်။
မော်လ်ဒိုက်နိုင်ငံသည် ၁၉၈၂ ခုနှစ်တွင် ဓနသဟာယနိုင်ငံများ အဖွဲ့ဝင်အဖြစ် ပထမဆုံးဖြစ်လာခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။ (Xinhua)