Connect with us

Asia

အိန္ဒိယနိုင်ငံတွင် နိုင်ငံတကာခရီးသွားလုပ်ငန်းပွဲ ကျင်းပမည်

အိန္ဒိယနိုင်ငံတွင် စက်တင်ဘာလက ကျင်းပခဲ့သည့် နိုင်ငံတကာခရီးသွားလုပ်ငန်းပွဲရှိ ပြခန်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရပြည်နယ်မြို့တော် အဂါတာလာတွင် နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ သတ္တမအကြိမ်မြောက် “နိုင်ငံတကာ ခရီးသွားလုပ်ငန်းပွဲ” ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ပြည်ပကိုယ်စားလှယ် ၄၁ ဦး ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်သည့် တရားဝင်ကြေညာချက်၌ ဖော်ပြထားသည်။

နှစ်စဉ်ပြုလုပ်နေကျဖြစ်သော ခရီးသွားလုပ်ငန်းပွဲအား ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်များတွင် ပြည်နယ်၏ ခရီးသွားလုပ်ငန်း အလားအလာကို မီးမောင်းထိုးပြရန် ရည်ရွယ်ချက်နှင့်အတူ ထရီပူရပြည်နယ်က ဦးစီးကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲသည် နိုင်ငံတစ်ဝန်းရှိ ခရီးသွားလုပ်ငန်းစီးပွားရေး အသိုင်းအဝိုင်းနှင့် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်များကို အတူတကွ ဆောင်ကြဉ်းပေးခြင်း ဖြစ်သည်။

အဆိုပါ ပြပွဲသည် ဝယ်သူ၊ ရောင်းသူ၊ မီဒီယာ၊ အစိုးရအဖွဲ့များနှင့် အခြား အစုရှယ်ယာရှင်များအကြား ဆက်သွယ်မှုလွယ်ကူစေရန် စီစဉ် လျာထားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.