Asia
နယူးဇီလန် တိုက်ခိုက်မှုအတွင်း ပျောက်ဆုံးနေသည့် မလေးရှားနိုင်ငံသားဆယ်ကျော်သက်မှာ သေဆုံးကြောင်း အတည်ပြု
![နယူးဇီလန်နိုင်ငံတွင် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)](https://xinhuamyanmar.com/wp-content/uploads/2019/03/images_world_2019_03_21m1.jpg)
ကွာလာလန်ပူ၊ မတ် ၂၁ ရက် (ဆင်ဟွာ)
နယူးဇီလန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က သေနတ်ပစ်ခတ်မှုဖြစ်ပွားချိန်ကတည်းက ပျောက်ဆုံးနေသည့် မလေးရှားနိုင်ငံသား ဆယ်ကျော်သက်တစ်ဦးမှာ သေဆုံးသွားပြီဟု အတည်ပြုကြောင်း မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၁ ရက်တွင်ပြောကြားခဲ့သည်။
ပြီးခဲ့သော မတ်လ ၈ ရက်က ဗလီတိုက်ခိုက်ခံရမှု အတွင်း သေဆုံးခဲ့ရသည့် လူပေါင်း ၅၀ ဦးထဲတွင် အသက် ၁၇ နှစ် အရွယ် Muhammad Haziq Mohd Tarmizi လည်း ပါဝင်ခဲ့ကြောင်း ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
သေဆုံးသွားသောလူငယ်လေးသည် တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် Mohd Tarmizi Shuib၏သားဖြစ်ကြောင်း၊ အခြားထိခိုက်ဒဏ်ရာရသူများထဲတွင် မလေးရှားနိုင်ငံသားများဖြစ်ကြသော Muhammad Nazril Hisham Omar နှင့် Rahimi Ahmad တို့လည်းပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါတိုက်ခိုက်မှုတွင် လူ ၅၀ ဦးသေဆုံးခဲ့ပြီး အခြားလူ ၅၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး အချိန်တိုအတွင်းမှာပင်ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ (Xinhua)