Connect with us

Asia

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် ရထားနှင့် မော်တော်ဆိုက်ကယ် တိုက်မိပြီး လူ ၂ ဦးသေဆုံး

ဗီယက်နမ်နိုင်ငံရှိ ခရီးသည်တင်ရထားတစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Hai Duong ပြည်နယ်တွင် မတ်လ ၂၁ ရက်က အမျိုးသမီး ၂ ဦး တင်ဆောင်လာသော မော်တော်ဆိုက်ကယ်နှင့် ခရီးသည်တင်ရထား တိုက်မိခဲ့ရာ အမျိုးသမီး ၂ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထို့ပြင် အရံအတားမရှိသည့် ထိုနေရာတွင်ပင် ဒေသခံ ၂ ဦးသေဆုံးပြီး အခြားသူ ၃ ဦးဒဏ်ရာရရှိခဲ့သည့် ရထားနှင့်ကားတိုက်မှုတစ်ခုလည်း မတ်လအစောပိုင်းက ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ယာဉ်တိုက်မှု ၂,၈၂၂ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁,၃၅၆ ဦး ရှိခဲ့ကာ ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၈၁၄ ဦးနှင့် ဒဏ်ရာအနည်းငယ်ရရှိသူ ၁,၃၅၅ ဦး ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.