Connect with us

Asia

နိုင်ငံရေးအကြပ်အတည်းများကြောင့် သီရိလင်္ကာနိုင်ငံသမ္မတက လွှတ်တော်ခေါ်ယူရေးကို ရက်ရွှေ့ဆိုင်း

သီရိလင်္ကာနိုင်ငံသမ္မတ Maithripala Sirisena အားတွေ့ ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံသမ္မတ Maithripala Sirisena က ဝန်ကြီးချုပ်ဖြစ်သူအား ရာထူးမှဖယ်ရှားခဲ့ပြီးနောက် တိုင်းပြည်အတွင်း နိုင်ငံရေးအကြပ်အတည်းတစ်ခု ပေါ်ပေါက်ခဲ့သဖြင့် ကျင်းပရန် စီစဉ်ထားသည့် လွှတ်တော်ကို နိုဝင်ဘာလအထိ ရွေ့ဆိုင်းလိုက်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သမ္မတ Sirisena က လွှတ်တော်ကျင်းပရက်ကို နိုဝင်ဘာ ၁၆ ရက်အထိ ရွေ့ဆိုင်းထားရန် လမ်းညွှန်ခဲ့ကြောင်း နှင့် တရားဝင် အမိန့်ပြန်တမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။Sirisena သည် အောက်တိုဘာ ၂၆ ရက် ညပိုင်းက ၎င်းအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဖြစ်သူ Ranil Wickremesinghe အား ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ယခင် သမ္မတဟောင်း Mahinda Rajapakse အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။

အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့မှ ၎င်း၏ ပြည်သူ့လွတ်မြောက်ရေးမဟာမိတ်အဖွဲ့ချုပ်(UPFA) နုတ်ထွက်ခဲ့ပြီးနောက်တွင် Sirisena သည် ဝန်ကြီးချုပ်အား ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။သီရိလင်္ကာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂(၄) အရ လွှတ်တော်၏ထောက်ခံမှု ယုံကြည်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်ထဲမှ တစ်ဦးကို ဝန်ကြီးချုပ်အဖြစ် သမ္မတက ခန့်အပ်ခြင်းဖြစ်ကြောင်း Sirisena က ဆိုသည်။

သို့သော် Wickremesinghe က ၎င်း၏ပါတီအနေဖြင့် သမ္မတဆုံးဖြတ်ချက်မှာ တရားမဝင်ကြောင်း နှင့် လွှတ်တော်ဥက္ကဋ္ဌ Karu Jayasuriya အား လွှတ်တော်အမြန်ဆုံးခေါ်ယူကျင်းပပေးရန် တိုက်တွန်းကြောင်းပြောကြားခဲ့သည်။လွှတ်တော်ဥက္ကဋ္ဌ Karu Jayasuriya က တရားဥပဒေဘောင်တစ်ခုအတွင်း လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် တာဝန်များကို ထမ်းဆောင်နေကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။(Xinhua)