Asia5 years ago
နိုင်ငံရေးအကြပ်အတည်းများကြောင့် သီရိလင်္ကာနိုင်ငံသမ္မတက လွှတ်တော်ခေါ်ယူရေးကို ရက်ရွှေ့ဆိုင်း
ကိုလံဘို ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသမ္မတ Maithripala Sirisena က ဝန်ကြီးချုပ်ဖြစ်သူအား ရာထူးမှဖယ်ရှားခဲ့ပြီးနောက် တိုင်းပြည်အတွင်း နိုင်ငံရေးအကြပ်အတည်းတစ်ခု ပေါ်ပေါက်ခဲ့သဖြင့် ကျင်းပရန် စီစဉ်ထားသည့် လွှတ်တော်ကို နိုဝင်ဘာလအထိ ရွေ့ဆိုင်းလိုက်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။