Connect with us

Asia

နီပေါနိုင်ငံမှ ညီအစ်မသုံးဦး ချိုမိုလန်းမားတောင်ပေါ်သို့ ပထမဆုံးတက်ရောက်နိုင်ခဲ့သော ညီအစ်မအရင်းများဖြစ်လာ

ခတ္တမန္ဒူ၊ မေ ၁၂ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံရှိ မိသားစုတစ်ခုတည်းမှ ညီအစ်မသုံးဦးသည် ချိုမိုလန်းမားတောင်ထိပ်ပေါ်သို့ မေ ၁၂ ရက်တွင် ရောက်ရှိခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ပေါ်သို့ ခြေချနိုင်ခဲ့သည့် ပထမဆုံး သွေးသားရင်းချာညီအစ်မများ ဖြစ်လာခဲ့ကြောင်း ၎င်းတို့၏ လေ့လာရေးခရီးစဉ်ကို စီစဉ်ပေးသောကုမ္ပဏီ၏ ပြောကြာချက်အရ သိရသည်။နီပေါနိုင်ငံ Dolakha ခရိုင်၊ Rolwaling တောင်ကြားမှ Nima Jangmu Sherpa ၊ Tshering Namgya Sherpa နှင့် Dawa Futi Sherpa တို့သည် “မေ ၁၂ ရက် နံနက် ၇ နာရီက တောင်ထိပ်ကို ရောက်ရှိခဲ့ပါတယ်” ဟု Imagine Nepal Trek and Expedition ဝန်ထမ်းတစ်ဦးဖြစ်သူ Dawa Sherpa က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ချိုမိုလန်းမားတောင်ထိပ်ပေါ်သို့ အခြားအဖွဲ့ဝင် ၁၂ ဦးနှင့်အတူ သွားရောက်ခဲ့သော အဆိုပါ ညီအစ်မသုံးယောက်၏ အောင်မြင်မှုကို ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ Mingma Gyalje Sherpa က ၎င်း၏လူမှုမီဒီယာပေါ်၌ မျှဝေထားသည်။

Mingma ၏ အဆိုအရ ထိုညီအစ်မသုံးဦးသည် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော စူးစမ်းလေ့လာရေးအဖွဲ့တစ်ခုမှ တောင်တက်သမားများဖြစ်ကြောင်း၊ ယင်းအဖွဲ့ဝင်တွင် နီပေါလူမျိုး ၉ ဦး၊ တရုတ်လူမျိုး ၅ ဦးနှင့် ပါကစ္စတန်လူမျိုး ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ညီအစ်မသုံးဦးသည် တိုက်ကြီး ၇ တိုက်လုံးရှိ အမြင့်ဆုံးတောင်များဖြစ်သော ချိုမိုလန်းမား၊ Aconcagua ၊ Denali ၊ Kilimanjaro ၊ Elbrus ၊ Mount Vinson နှင့် Carstensz Pyramid တောင်များပေါ် တက်ရန် ပထမဆုံး သွေးသားရင်းချာညီအစ်မများဖြစ်လိုသဖြင့် “တောင် ၇ တောင်ပေါ်က ညီအစ်မသုံးဦး” ဟူသော အောင်လံတံခွန်ဖြင့် ချိုမိုလန်းမားတောင်သို့ ကြိုးစားတက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Nima Jangmu သည် ၂၀၁၈ ခုနှစ်က တစ်ရာသီအတွင်း ရက်ပေါင်း ၂၅ ရက်တွင် ချိုမိုလန်းမားတောင် (အမြင့် ၈,၈၄၈ မီတာ) ၊ Mt. Lhotse တောင် (အမြင့် ၈,၅၁၆ မီတာ) နှင့် Mt. Kanchenjunga (အမြင့် ၈,၅၈၆ မီတာ) စသည့် မီတာ ၈,၀၀၀ အထက်အမြင့်ရှိသော တောင်ထိပ်သုံးခုကို တက်ရောက်ခဲ့သော ကမ္ဘာ့ ပထမဆုံးနှင့် အမြန်ဆုံး အမျိုးသမီးဖြစ်လာခဲ့သည်။

ထို့ပြင် ညီအစ်မသုံးဦးအနက် အငယ်ဆုံးဖြစ်သော Dawa Futi သည် ယခင်က နီပေါနိုင်ငံရှိ Mt. Amadablam တောင် (အမြင့် ၆,၈၁၄ မီတာ) ပေါ်သို့ တက်ရောက်ခဲ့သူဖြစ်သည်။ ချိုမိုလန်းမားတောင်ပေါ်သို့ မတက်မီ ၎င်းညီအစ်မသုံးဦးသည် ပြီးခဲ့သည့်လက Mt. Lobuche တောင် (၆,၆၁၉ မီတာ) ပေါ်သို့ တက်ရောက်ခဲ့ကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
———————————————
(English Version)

Three Nepali sisters become first siblings to scale Mt. Qomolangma

KATHMANDU, May 12 (Xinhua) — Three Nepali sisters from the same family reached the top of Mt. Qomolangma on Wednesday, becoming the first three siblings ever to conquer the world’s highest peak, according to the company organizing their expedition.
Nima Jangmu Sherpa, Tshering Namgya Sherpa and Dawa Futi Sherpa, who are from the Rolwaling Valley of Nepal’s Dolakha district, “reached the top of the peak at 7am on Wednesday,” Dawa Sherpa, a staff member from Imagine Nepal Trek and Expedition, told Xinhua.
Mingma Gyalje Sherpa, managing director of the company, shared on his social media account the success of the three sisters along with 12 other expedition members on the top of Mt. Qomolangma.
According to Mingma, the three sisters are climbers of the 15-member expedition team, which includes nine Nepalis, five Chinese and one Pakistani.
The sisters attempted Mt. Qomolangma under the banner of “Three Sisters on Seven Summit,” as they want to become the first siblings to climb the highest mountains on all seven continents, namely Qomolangma, Aconcagua, Denali, Kilimanjaro, Elbrus, Mount Vinson and Carstensz Pyramid.
In 2018, Nima Jangmu became the first and fastest woman in the world to climb three peaks above 8,000 metres, Mt. Qomolangma (8,848.86m), Mt. Lhotse (8,516m) and Mt. Kanchenjunga (8,586m) within 25 days in a single season.
Dawa Futi, the youngest of the sisters, had previously summitted Mt. Amadablam (6,814m) in Nepal. Before attempting Mt. Qomolangma, the three sisters climbed Mt. Lobuche (6,619m) last month, according to the expedition company. Enditem
Photo taken on May 18, 2019 shows the scenery of Mount Qomolangma. The 8,844.43-meter-high Mt. Qomolangma is the world’s highest peak. (Xinhua/Jigme Dorje)
vaccine were not effective, people would have died when infected and there would have been many more people requiring hospitalisation,” he said. Enditem