Connect with us

Asia

ထိုင်းအမျိုးသမီး ဘော်လီဘော လေ့ကျင်းရေးစင်တာတွင် COVID-19 ကူးစက်မှုကြောင့် ကမ္ဘာ့ဘော်လီဘော ပြိုင်ပွဲမှု နုတ်ထွက်

ထိုင်းနိုင်ငံရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းက COVID-19 ရောဂါ သီးသန့်ခွဲခြား ကုသမှုစင်တာတွင် အရေးပေါ်လူနာတင်ယာဥ် အား စစ်ဆေးနေစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ မေ ၁၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အမျိုးသမီး လက်ရွေးစင် ဘော်လီဘော လေ့ကျင့်ရေးစင်တာတွင် COVID-19 ရောဂါ ကူးစက်ခံထားသူ ၂၆ ဦးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယခုလကုန်ပိုင်းတွင် အီတလီနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဘော်လီဘော အဖွဲ့ချုပ် ပြိုင်ပွဲကို နုတ်ထွက်လိုက်ရကြောင်း ထိုင်းနိုင်ငံဘောလီဘော အဖွဲ့ချုပ် က မေ ၁၂ ရက်၌ ကြေညာချက်ထုတ်ပြန်လိုက်သည်။

ထိုင်းဘောလီဘောအဖွဲ့ချုပ် ၏ ထုတ်ပြန်ကြေညာချက်အရ ဘောလီဘောအသင်း ြ နည်းပြ ၄ ဦးသည် မေလ ၁၁ ရက်၌ COVID-19 ရောဂါ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ ထို့နောက် စစ်ဆေးမှုများဆက်လက်ဆောင်ရွက်ရာအမျိုးသမီးဘောလီဘော အားကစားသမားများ အပါအဝင် နည်းပြ နှင့် ဝန်ထမ်း စုစုပေါင်း ၃၇ ဦးအား Nucleic acid စစ်ဆေးမှုဆောင်ရွက်ခဲ့ရာတွင် ၂၂ ဦးမှာ ရောဂါကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ COVID-19 ရောဂါ ကူးစက်ခံထားရသူအားလုံးမှာ ရောဂါလက္ခဏာမပြသည့် ကူးစက်ခံရသူများ ဖြစ်ကြပြီး မေလ ၁၂ ရက်တွင် ဆေးဝါးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း နှင့် လက်ရှိချိန်တွင် အခြေအနေ က တည်ငြိမ်မှုရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံအမျိုးသမီး ဘော်လီဘောအသင်း အနေဖြင့် ဧပြီ ၂၀ ရက်မှစတင်၍ ဘန်ကောက်မြို့ အနောက်ပိုင်းရှိ Nakhon Pathom ပြည်နယ်တွင် ကမ္ဘာ့ဘော်လီဘောအဖွဲ့ချုပ်ပြိုင်ပွဲအတွက်  စုပေါင်းလေ့ကျင့်မှုဆောင်ရွက်ခဲ့ကြကြောင်း ၊ ရောဂါကူးစက်ခံရသူများပြားသောကြောင့် ထိုင်းနိုင်ငံ အမျိုးသမီးဘော်လီဘောအသင်းသည် မဖြစ်မနေ ပြိုင်ပွဲကို နုတ်ထွက်ခဲ့ရပြီး နိုင်ငံတကာ ဘော်လီဘောအဖွဲ့ချုပ်ကိုလည်း အကြောင်းကြားထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)

———————————–

(Chinese Version)

(体育)泰国女排训练营26人感染新冠病毒

2021-05-12 23:27:47 分类: 体育

新华社曼谷5月12日电(任芊)泰国排球协会12日发布声明称,泰国国家女子排球训练营共有26人确诊感染新冠病毒,不得不退出即将于本月底在意大利举行的世界排球联赛。

根据泰国排球协会发布的这项声明,4名协助球队备战比赛的训练师11日被确诊感染新冠病毒,随后包括女排队员、教练以及工作人员在内的共37人当天接受核酸检测,其中22人确诊,全部是无症状感染者,并已于12日送医治疗,目前状况相对稳定。

泰国女排自4月20日起一直在位于曼谷西部的佛统府集中训练,以备战世界排球联赛。声明中说,由于确诊人数较多,泰国女排不得不决定退出世界排球联赛,并通知国际排联。(完)

 

Photo

4月30日,医护人员在泰国曼谷的新冠方舱分诊中心检查救护车。