Asia
နီပေါဝန်ကြီးချုပ် စက်တင်ဘာ ၁၅ တွင် အိန္ဒိယသို့အလည်အပတ်လာရောက်မည်

ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံ ဝန်ကြီးချုပ် Pushpa Kamal Dahal သည် စက်တင်ဘာ ၁၅ မှ ၁၈ ရက်အထိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က စက်တင်ဘာ ၁၂ရက် တွင်ထုတ်ပြန်ခဲ့သည်။
ယခုခရီးစဉ်သည် Pushpa Kamal Dahal နီပေါဝန်ကြီးချုပ်ရာထူး လက်ခံရရှိခဲ့သည့် သြဂုတ် ၄ ရက်မှစ၍ ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ် ဖြစ်ကြောင်း သိရသည်။
Dahal သည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒါ မိုဒီ၏ ဖိတ်ကြားချက်အရ အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ အလည်အပတ် သွားရောက်ခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ် Dahal သည် အိန္ဒိယနိုင်ငံ သမ္မတ ပရာနပ် မူခါဂျီ နှင့်် စက်တင်ဘာ ၁၆တွင်တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့၌ပင် Dahal သည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒါ မိုဒီ နှင့် နှစ်နိုင်ငံရေးရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။ (Xinhua)