Connect with us

Asia

အာဆီယံ-အမေရိကန် အစည်းအဝေးပွဲရှောင်ရှားရန်အတွက် ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဒူတာတေး ဝန်ခံ

အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်လာသော ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးအားတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ ၊ စက်တင်ဘာလ ၁၃ ရက် (ဆင်ဟွာ)

ပြီးခဲ့သော ရက်သတ္တပတ်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့သည့် အာဆီယံ- အမေရိကန်အစည်းအဝေးပွဲကို ရှောင်ရှားရန်အတွက် ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက စက်တင်ဘာလ ၁၂ ရက် ညပိုင်းက ဝန်ခံပြောကြားခဲ့သည်။

“ အကြောင်းပြချက်က အနောက်နိုင်ငံတွေကို ဆန့်ကျင်တာမဟုတ်ဘူး။ အမေရိကန်နိုင်ငံကိုမကြိုက်တာမဟုတ်ဘူး ။ အဲဒါဟာ ရိုးရှင်းတဲ့ နိယာမပဲ ” ဟု ဖိလစ်ပိုင်သမ္မတ အိမ်တော်၌ ဒူတာတေးက ထုတ်ဖော်ပြောကြားခဲ့သည်။
လာအိုနိုင်ငံ၌ ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်ဆွေးနွေးပွဲများကာလအတွင်း ဖိလစ်ပိုင်သမ္မတ အနေဖြင့် အာဆီယံ-အမေရိကန်အစည်းအဝေးပွဲကို တက်ရောက်မည်မဟုတ်ကြောင်း ၊ အကြောင်းမှာ သမ္မတက ခေါင်းကိုက်ပြီး စိတ်မကြည်မလင်ဖြစ်နေ၍ ဖြစ်ကြောင်း ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အာဆီယံအစည်းအဝေးသည် ၂ဝ၁၆ ခုနှစ် ဇွန်လ ၃ဝ ရက်မှ စတင်ကာ နိုင်ငံ့အာဏာရယူခဲ့သည့် ဒူတာတေးအတွက် ပထမဦးဆုံး နိုင်ငံတကာ အစည်းအဝေး တက်ရောက်ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးမတိုင်မီ ဒူတာတေးက အမေရိကန်သမ္မတ အိုဘားမားအား ရင့်သီးစွာ ပြောဆိုခဲ့ခြင်းကြောင့် အာဆီယံအစည်းအဝေးကာလအတွင်း ဖိလစ်ပိုင်နှင့် ပြုလုပ်ရန်ရှိသည့် ဆွေးနွေးပွဲကို အမေရိကန်ဖက်က ပယ်ဖျက်ခဲ့သည်။
အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲတွင် ဒူတာတေးသည် ကြိုတင်ပြင်ဆင်ထားသော မိန့်ခွန်းကို ပြောဆိုခဲ့ခြင်းမပြုဘဲ ၊ ၎င်းအစား ၁၉ဝ၆ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Sulu ပြည်နယ်၌ ဖိလစ်ပိုင် မွတ်စလင်များအား အမေရိကန်တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကို ပြစ်တင်ခဲ့ပြီး ယင်းလုပ်ရပ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံက ဖိလစ်ပိုင်အစိုးရ၏ မူးယစ်ဆေးဝါးစစ်ဆင်ရေး ကာလအတွင်း လူပေါင်းများစွာ သတ်ဖြတ်ခဲ့သည့်လုပ်ရပ်အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဟု ပြောဆိုခဲ့ခြင်းကို ဒူတာတေးက ဝေဖန်ပြစ်တင်လိုက်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.