Connect with us

Asia

နီပေါအနောက်မြောက်ပိုင်းတွင် ထရပ်ကားတစ်စီးချောက်ထဲပြုတ်ကျရာ အနည်းဆုံး လူ ၁၈ ဦး သေဆုံး

ချောက်ထဲပြုတ်ကျ ပျက်စီးနေသည့် ထရပ်ကားအား တွေ့ရစဉ်(ဆင်ဟွာ )

ခတ္တမန္ဒူ ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ အနောက်မြောက်ပိုင်း Mustang ခရိုင်တွင် ဇူလိုင် ၆ ရက်က ထရပ်ကားတစ်စီး ချောက်ထဲ ပြုတ်ကျသောကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နီပေါရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။

ဒဏ်ရာရသူအချို့မှာ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသူဦးရေတိုးလာနိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ယင်းထရပ်ကားသည် လမ်းပြင်လုပ်သား ၃၁ ဦး တင်ဆောင်ပြီး လုပ်ငန်းခွင်ကို မောင်းနှင်လာစဉ် လမ်းခုလတ်တွင် မီတာငါးဆယ်ခြောက်ဆယ် နက်သည့် ချောက်ထဲကို ထိုးကျခဲ့ခြင်းဖြစ်ရာ လူ ၁၅ ဦး သည် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ အနီးတဝိုက်တွင် ဆေးရုံမရှိ သောကြောင့် ကျန် ၃ ဦးမှာ ဆေးရုံသို့ပို့ဆောင်ရန် စောင့်စားနေချိန်တွင် ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးခဲ့ ခြင်း ဖြစ်ကြောင်း Mustang ခရိုင် ရဲတပ်ဖွဲ့ ခေါင်းဆောင် Samir Thapaက ဆင်ဟွာသို့ ပြောသည်။

အခင်းဖြစ်ပွားသောနေရာမှာ Mustang ခရိုင် Jomsom မြို့အနောက်ဘက် ၅၀ ကီလိုမီတာခန့်တွင် ဖြစ်ကြောင်း၊ ဒဏ်ရာရသူများကို အရေးပေါ်ကယ်ဆယ်ရန် သက်ဆိုင်ရာဌာနများက ရဟတ်ယာဉ် ၂ စီး စေလွှတ်ထားကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.