Connect with us

Asia

ထိုင်းလှေတိမ်းမှောက်မှုတွင် အလောင်း ၅ လောင်းထပ်မံရှာဖွေတွေ့ရှိ ၊ သေဆုံးသူ အရေအတွက် ၃၈ ဦးထိ မြင့်တက်လာ

ထိုင်းနိုင်ငံ၌တိမ်းမှောက်သွားသော လှေနှစ်စင်းတွင် ပါဝင်သူများအား ကယ်ဆယ်ရေးဆောင်ရွက်စဉ်(ဆင်ဟွာ)

ဖူးကက် ၊ ထိုင်း ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ၌ ဇူလိုင် ၅ ရက်က ဖြစ်ပွားခဲ့သော လှေနှစ်စင်း တိမ်းမှောက်မှု ဖြစ်စဉ်တွင် နောက်ထပ် အလောင်း ၅ လောင်းထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းအစိုးရအရာရှိတစ်ဦးက ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Lyu Jian အား ယနေ့ဇူလိုင် ၇ ရက်တွင်ပြောကြားခဲ့သည်။

ယခုအခါ သေဆုံးသူ အရေအတွက်မှာ ၃၈ ဦးထိ ရောက်ရှိသွားပြီဖြစ်သည်။

ထိုင်းနိုင်ငံအာဏာပိုင်များက အစောပိုင်း၌ ပြောကြားခဲ့ရာတွင် ဇူလိုင် ၅ ရက်က တရုတ်နိုင်ငံသား ခရီးသွား အများအပြား တင်ဆောင်လာသော လှေနှစ်စင်း ပင်လယ်ပြင်၌ တိမ်းမှောက်မှုဖြစ်စဉ်အတွင်း အနည်းဆုံး လူပေါင်း ၃၃ ဦးသေဆုံးကြောင်း နှင့် ၂၃ ဦးပျောက်ဆုံးနေကြောင်း ဆိုထားသည်။(Xinhua)