Connect with us

Asia

ပါကစ္စတန်နိုင်ငံက လေပိုင်နက် ပိတ်ထားသဖြင့် ပါကစ္စတန်သို့ ထိုင်းအဲဝေးမှ လေကြောင်းခရီးစဉ်များ ပယ်ဖျက်လိုက်သလို ဥရောပကလည်း ခရီးစဉ်များအားလုံး ဖျက်သိမ်းထား

ထိုင်းအဲဝေး လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံသို့ သွားမည့် လေကြောင်းခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်ကြောင်း ထိုင်းအဲဝေး (Thai Airways) နိုင်ငံတကာ အများပိုင်ကုမ္ပဏီလိမိတက် (THAI) က ကြေညာလိုက်ကြောင်း၊ ဥရောပခရီးစဉ်အားလုံးကိုလည်း ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်အတွက် ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား တင်းမာမှုကြောင့် ပါကစ္စတန်ဘက်က လေပိုင်နက် ပိတ်လိုက်သဖြင့် ပါကစ္စတန်မှတစ်ဆင့် ဖြတ်သန်းသွားမည့် ၎င်းတို့၏ခရီးစဉ်များနှင့် လုပ်ငန်းလုပ်ဆောင်မှုများ ပယ်ဖျက်လိုက်ကြောင်း THAI လေကြောင်းဆိုင်ရာ ဘေးကင်းရေး၊ လုံခြုံရေးနှင့် စံချိန်စံနှုန်းများဌာန ဒုတိယဥက္ကဋ္ဌ ပရာတာနာ ပတ်တာနာစီရိ (Pratana Patanasiri) ၏ ပြောကြားချက်အား ကိုးကား၍ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လန်ဒန်၊ မော်စကိုနှင့် ဖရန့်ဖက်မြို့များသို့ သွားရောက်မည့် ခရီးစဉ်သုံးကြောင်းသည်လည်း ဘန်ကောက်မြို့သို့ ပြန်လှည့်ကာ သုဝဏ္ဏဘူမိလေဆိပ်သို့ ဖေဖော်ဝါရီလ ၂၇ ရက်က ဘေးကင်းလုံခြုံစွာ ရောက်ရှိဆင်းသက်ခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

လေကြောင်းခရီးစဉ် ဖျက်သိမ်းရသည့်အတွက် ခရီးသည်များအား နိုင်ငံတကာစံနှုန်းနှင့်အညီ စောင့်ရှောက်ထားကြောင်း THAI က ဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၇ ရက်က ဥရောပသို့သွားမည့် ခရီးစဉ် ၁၁ ကြောင်းကိုလည်း THAI က ဖျက်သိမ်းထားကာ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြန်လည်ပျံသန်းနိုင်ရန် မျှော်လင့်ကြောင်း သိရသည်။

THAI က အခြေအနေအား အနီးကပ်စောင့်ကြည့်နေပြီး ပါကစ္စတန်ကိုမဖြတ်သန်းဘဲ အခြားသောလမ်းကြောင်းမှ သွားရောက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ယခုအခါ လေပိုင်နက် ခွင့်ပြုချက်အား စောင့်ဆိုင်းနေကြောင်း သိရသည်။

အထက်ဖော်ပြပါ ခရီးစဉ်များဖြင့် ခရီးသွားကြမည့် ခရီးသည်များအားလုံးကိုလည်း ကုမ္ပဏီ၏ ကြေညာချက်များနှင့် ဆက်စပ်သတင်းများအား သတိထားစောင့်ကြည့်ကြပါရန် အကြံပြုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.