Connect with us

Asia

ပါကစ္စတန် စစ်စခန်းတစ်ခုတွင် အသေခံဗုံးပေါက်ကွဲမှုကြောင့် လူ ၁၁ဦးသေဆုံး

ပါကစ္စတန်စစ်သားများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၄ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Swat ခရိုင် ရှိ စစ်စခန်းတစ်ခုတွင် ဖေဖော်ဝါရီ ၃ရက် ညပိုင်းက အသေခံဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါကစ္စတန် စစ်တပ်အရာရှိ နှင့် စစ်သား ၁၁ဦးသေဆုံးပြီး အခြား လူ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် စစ်တပ်ကပြောကြားခဲ့သည်။

ပါကစ္စတန်စစ်တပ်ပိုင် သတင်းထုတ်ပြန်ရေးဋ္ဌာနဖြစ်သည့် Inter-Services Public Relations က တိုက်ခိုက်မှုသည် နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Swat ခရိုင် Kabal မြို့ရှိ စစ်စခန်း၏ အားကစားကွင်းတွင် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းသတင်းဋ္ဌာနက ဒဏ်ရာရရှိသူ အများအပြားမှာ အခြေအနေစိုးရိမ်ရသောကြောင့် သေဆုံးသူမြင့်တက်လာနိုင်ကြောင်း ဖော်ပြခဲ့သည်။

စစ်သားများ ဘော်လီဘော ကစားနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ စစ်သားများကို Kabal ဆေးရုံသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခုကဖော်ပြခဲ့သည်။

ယင်းတိုက်ခိုက်မှုအား ပါကစ္စတန်တာလီဘန် အကြမ်းဖက်အုပ်စု က ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ် Shahid Khaqan Abbasi က အသေခံဗုံးခွဲမှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးကပြောကြားခဲ့သည်။

ပါကစ္စတန်စစ်တပ်သည် ၂၀၀၉ခုနှစ်တွင် အဓိကစစ်ဆင်ရေးတစ်ခု ဖြင့် Swat တောင်ကြား၌ နယ်မြေရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း နှင့် အစောပိုင်းကာလများတွင် Swat ခရိုင်၏ နေရာဒေသအများအပြားကို ပါကစ္စတန်တာလီဘန်အုပ်စုက အင်အားကြီးမားစွာ ထိန်းချုပ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.