Connect with us

Asia

ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံ

ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်းကျို (ဝဲ) နှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith နှင့် ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်းကျို (Cai Mingzhao) တို့သည် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ ဖေဖော်ဝါရီလ ၂ ရက်က တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် မီဒီယာ ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆင်ဟွာ ဥက္ကဋ္ဌ ချိုက်အား လာအိုနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းနှင့် ပထမဆုံး လာအို-တရုတ် ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခြင်းအတွက် ကြိုဆိုကြောင်း လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun က ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက တရုတ်နိုင်ငံ သမ္မတနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ လာအိုနိုင်ငံ ချစ်ကြည်ရေးခရီးနှင့် ၂၀၁၇ ခုနှစ် မေလက တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ် ပိုးလမ်းမကြီးဖိုရမ်သို့ တက်ရောက်ခဲ့သည့် လာအိုနိုင်ငံ သမ္မတနှင့် လာအို ပြည်သူ့ တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ဘွန်ညံဗိုရာချစ် (Bounnhang Vorachit) တို့၏ ခရီးစဉ်ရလဒ်များအား အကောင်အထည်ဖော်သည့်အနေဖြင့် ယခုဖိုရမ်အား ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လာအိုနိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုအား ထောက်ခံသည့် ပထမဆုံးနိုင်ငံများအကြား တစ်နိုင်ငံဖြစ်ကြောင်း၊ လာအိုနိုင်ငံအနေဖြင့် ကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ ကုန်းတွင်းချိတ်ဆက်မှုရှိသောနိုင်ငံ တစ်နိုင်ငံအဖြစ် ကူးပြောင်းနေသည့် မဟာဗျူဟာသည် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုနှင့် အံဝင်ခွင်ကျ ရှိကြောင်း Thongloun က ပြောကြားခဲ့သည်။ တရုတ်-လာအို ရထားလမ်းသည်လည်း ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ပါကြောင်းနှင့် လာအိုနိုင်ငံအတွက် အကျိုးကျေးဇူးရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Thongloun က ပြောခဲ့သည်။

ထို့ပြင် ဆင်ဟွာသည် လာအို-တရုတ် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုအား ခိုင်မာစေခြင်း၊ နှစ်နိုင်ငံ ပြည်သူများအကြား နားလည်မှုမြင့်မားစေခြင်း၊ လာအို-တရုတ် ဆက်ဆံရေးတိုးမြှင့်ရေးနှင့် လာအိုနိုင်ငံ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား ထောက်ပံ့ခြင်း စသည့် ကဏ္ဍများ၌ ပါဝင်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း လာအိုနိုင်ငံ ဝန်ကြီးချုပ်က ပြောခဲ့သည်။ ချိုက်၏ လာအိုနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံ မီဒီယာပူးပေါင်းဆောင်ရွက်မှုအား ပိုမိုခိုင်မာစေမည်ဟု ဆိုသည်။

ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်ကလည်း ဆင်ဟွာသတင်းဋ္ဌာနအား လာအိုနိုင်ငံ အစိုးရက “Freedom Medal” ဂုဏ်ထူးဆောင်ဆုအား ချီးမြှင့်သည့်အတွက် များစွာ ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။ဆင်ဟွာသည် လာအို ပြည်သူ့တော်လှန်ရေးပါတီ၏ ဝါဒဖြန့်ချိရေးနှင့် လေ့ကျင့်ရေးကော်မရှင်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းနှင့် လာအို သတင်းအေဂျင်စီ (KPL) တို့နှင့်အတူ ပူးပေါင်းကာ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီချက်အား အကောင်အထည်ဖော်သည့်အနေဖြင့် ယင်း ဖိုရမ်အား ကျင်းပရခြင်း ဖြစ်ကြောင်း ချိုက်က မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ ခေါင်းဆောင်များမှ တိုးမြှင့်ပေးခဲ့သည့်အတိုင်း တရုတ်-လာအို ဆက်ဆံရေးသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလျက်ရှိသကဲ့သို့ နှစ်နိုင်ငံ မီဒီယာကဏ္ဍ ဆက်ဆံရေးလည်း မြှင့်တင်သင့်ကြောင်း ချိုက်ကဆိုသည်။ဆင်ဟွာသတင်းအေဂျင်စီ အနေဖြင့် လာအို သတင်းအေဂျင်စီ (KPL) နှင့် အခြား လာအို မီဒီယာ အဖွဲ့အစည်းများနှင့်အတူ ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ပြီး တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံ၏ အကြောင်းအား ကမ္ဘာသို့ သတင်းအချက်အလက် မှန်ကန်စွာ တင်ပြနိုင်ရေးအတွက် ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း ချိုက်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117