Connect with us

Asia

ပါကစ္စတန် နိုင်ငံ၏ ဒေသ တစ်ချို့တွင် ငလျင် လှုပ်ခတ်မှုကြောင့် လူ ၂၁ ဦး သေဆုံးကာ ၃၂၀ ဦးကျော် ဒဏ်ရာ ရရှိ

ပါကစ္စတန် နိုင်ငံ၏ ဒေသ တစ်ချို့တွင် ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေ များအား တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ၏ ဒေသ တစ်ချို့တွင် ပြင်းအား ၅.၈ အဆင့်ရှိ ငလျင် လှုပ်ခတ် ပြီးနောက် လူ ၂၁ ဦး သေဆုံးကာ လူပေါင်း ၃၂၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပါကစ္စတန် နိုင်ငံ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား(Kashmir) ပြည်နယ် ၏ Mirpur ခရိုင်တွင် ငလျင်ဒဏ်ကို အဆိုးဆုံး ထိခိုက် ခံစားခဲ့ရပြီး လူ ၂၀ ဦး သေဆုံးကာ လူပေါင်း ၃၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်(Punjab) ပြည်နယ်၏ အိမ်နီးချင်း Jhelum ခရိုင်တွင် အမျိုးသမီး တစ်ဦး သေဆုံးကာ ၂၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာ ခရိုင် ရဲအရာရှိများက ဒေသခံ မီဒီယာများအား ပြောကြားခဲ့သည်။

အမျိုးသား သဘာဝဘေး စီမံ ခန့်ခွဲမှု အာဏာပိုင် အဖွဲ့(NDMA) ၏ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး မူဟာမက် အက်ဖ်ဇယ် (Muhammad Afzal) က ကယ်ဆယ်ရေး အသင်းအဖွဲ့များသည် အပျက်အစီးများအောက်မှ ပိတ်မိနေသည့် လူများအား ကယ်ဆယ်နိုင်ရန် အထူး ကိရိယာ တန်ဆာပလာများနှင့် အတူ ဘေးဒဏ်သင့် ဒေသများသို့ရောက်ရှိနေပြီး လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး မူဟာမက် အက်ဖ်ဇယ် က အစ္စလာမ်မာဘတ်မြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ယင်းဘေးဒဏ်သင့် ဒေသသို့အစားအသောက်များ ၊ ဆေးဝါးများ ၊ ဂွမ်းစောင်များ ၊ ရွက်ဖျင်တဲများ နှင့် မီးစက်များ ပို့ဆောင်ပေးထားကြောင်း ၊ မိုးရွာလာသည့် အခါတွင် အိုးအိမ်မဲ့ ပြည်သူများအား ကာကွယ်စောင့်ရှောက် နိုင်ရန် ကြိုတင် ပြင်ဆင် နေကြောင်း ပြောကြားခဲ့သည်။

 ပါကစ္စတန် နိုင်ငံ၏ ဒေသ တစ်ချို့တွင် ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေ များအား တွေ့ရစဉ်(ဆင်ဟွာ) 

 ပါကစ္စတန် နိုင်ငံ၏ ဒေသ တစ်ချို့တွင် ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေ များအား တွေ့ရစဉ်(ဆင်ဟွာ) 

 ပါကစ္စတန် နိုင်ငံ၏ ဒေသ တစ်ချို့တွင် ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေ များအား တွေ့ရစဉ်(ဆင်ဟွာ) 

ကယ်ဆယ်ရေး အသင်းအဖွဲ့များသည် Jatlan မြို့သို့ရောက်ရှိရန် ၊ ရုပ်အလောင်းများ ပြောင်းရွှေ့ခြင်း ၊ ထိခိုက်ဒဏ်ရာ ရရှိသူများ ဆေးရုံသို့ပို့ဆောင်ရန် များစွာသော စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း ၊ Jatlan မြို့သို့ ဆက်သွယ် ထားသည့် လမ်းသုံးလမ်းသည် ပြင်းထန်သော ပျက်စီးမှုများကြောင့် ပြတ်တောက်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ဒေသတွင်း မီဒီယာများ၏ အစီရင်ခံချက်များ အရ ခရိုင် အတွင်း အခြားသူ ရာပေါင်းများစွာ ထိခိုက်ပျက်စီးမှုများဖြင့် ကြုံတွေ့ခဲ့ရပြီး နေအိမ်များနှင့်ဆိုင်ခန်းများသည် လုံး၀ ပြိုလဲသွားခဲ့ကြောင်း ၊ Mirpur ခရိုင်ရှိ ဆေးကောလိပ် တစ်ခု၏ တည်းခိုဆောင် တစ်ခုလည်း ပြိုလဲသွားခဲ့ကြောင်း နှင့် ငလျင်ကြောင့် အဆောက်အအုံ ခေါင်မိုး ပြိုကျကာ ကျောင်းသား တစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

Mirpur ခရိုင်၏ ဒေသခံများက ဆင်ဟွာသို့ပြောကြားရာတွင်  ပြည်သူ့ဆေးရုံများသည် ရာနှင့်ချီသော ထိခိုက်ဒဏ်ရာ ရရှိသူများကို ကုသနိုင်စွမ်းရည် နည်းပါးကြောင်း ၊ များစွာသော ဒဏ်ရာ ရရှိသူများသည် မြေကြီးပေါ်တွင် လဲလျောင်း နေကြကြောင်း ၊ လက်ထောက် ကော်မရှင်နာ၏ ပြောကြားချက် အရ အစိုးရသည် ပြင်းထန်စွာ ဒဏ်ရာ ရရှိသူများကို မြို့တော် အစ္စလာမ်မာဘတ် နှင့် Rawalpindi မြို့၏ စစ်တပ်ချ၍ ကာကွယ်ထားရာ နေရာများသို့ပြောင်းရွှေ့နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

ပါကစ္စတန် နိုင်ငံ၏ ဒေသ တစ်ချို့တွင် စက်တင်ဘာ ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်၏ ဗဟိုချက်သည် Jhelum ခရိုင်၏ မြောက်ဘက် ၅ ကီလိုမီတာ နှင့် အစ္စလာမ်မာဘတ်မြို ့၏ အရှေ့တောင်ဘက် ၁၁၉ ကီလိုမီတာ အကွာအဝေးခန့်အောက် ၁၀ ကီလိုမီတာခန့်တွင် ဖြစ်ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.