Connect with us

Asia

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အိန္ဒိယ နိုင်ငံ စစ်တပ် သည် ကက်ရှမီးယား ဒေသ ရှိ အရပ်သား များကို ပစ်ခတ်ကြောင်း ပြောကြား

ကက်ရှမီးယား ဒေသ ရှိ အိန္ဒိယ နိုင်ငံ တပ်ဖွဲ့ဝင် တစ်ဦး အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အိန္ဒိယ နိုင်ငံ စစ်တပ် သည် ဇူလိုင်လ ၂၁ ရက်နေ့၌ ပါကစ္စတန် နိုင်ငံ မှ ထိန်းချုပ်ထားသည့် ကက်ရှမီးယား ဒေသရှိ ပြည်သူများကို ပစ်ခတ်ခဲ့သောကြောင့် ပါကစ္စတန် နိုင်ငံ ပြည်သူ တစ် ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိသဖြင့် ပြန်လည် ပစ်ခတ်မှု များဆောင်ရွက် ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေး ဌာန ၏ ထုတ်ပြန်ချက်တွင် အိန္ဒိယ စစ်တပ် ၏ အရပ်သား များကို ပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ ပြန်လည် ပစ်ခတ်ခဲ့ရာ အိန္ဒိယ စစ်တပ် မှ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိစေခဲ့ကြောင်း ၊ ပါကစ္စတန် နိုင်ငံ ၏ ပြန်လည် ပစ်ခတ်မှု ကြောင့် အိန္ဒိယ နိုင်ငံ ၏ ကင်းစခန်း ၃ ဦး ကို ဖျက်စီး နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက် တွင် လတ်တလော ကာလပိုင်း တွင် ပါကစ္စတန် နိုင်ငံ ၏ လက်တုန့်ပြန်မှု ကြောင့် အိန္ဒိယ နိုင်ငံ စစ်တပ် မှ သေဆုံးပျက်စီးမှု များပြားခဲ့သော်လည်း အိန္ဒိယ နိုင်ငံ စစ်တပ် က နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ကို အမြဲ ချိုးဖောက်ခဲ့ကြောင်း ၊ ပါကစ္စတန် နိုင်ငံ အနေဖြင့် အနာဂတ်တွင် ပြည်သူလူထု ကို ကာကွယ်ရန် အတွက် အိန္ဒိယ နိုင်ငံ ၏ တိုက်ခိုက်မှု ကို သင့်လျော်သော တုံ့ပြန်မှု များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပါကစ္စတန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ဇူလိုင် ၂၀ ရက်နေ့က ထုတ်ပြန်ချက်တွင် ယခုနှစ်အတွင်း အိန္ဒိယ နိုင်ငံ သည် ကက်ရှမီးယား ဒေသ အနီးတဝိုက်တွင် နှစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု ကို အကြိမ်ပေါင်း ၅၉၄ ကြိမ် ချိုးဖောက် ခဲ့ပြီး သမိုင်းတစ်လျှောက် ချိုးဖောက်သည့် အကြိမ်ရေး အများဆုံး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၁၉၄၇ ခုနှစ် မှစ၍ ပါကစ္စတန် နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ တို့သည် ကက်ရှမီးယား ဒေသ ကို ရရှိရန် အတွက် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွား ခဲ့ကြသည်။ ၂၀၀၃ ခုနှစ်တွင် နှစ်နိုင်ငံ မှ ကက်ရှမီးယား ဒေသ ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြသော်လည်း မကြာခဏ တိုက်ခိုက်မှု များ ဖြစ်ပွား ခဲ့ကြသည်။ ဇူလိုင်လပိုင်းတွင် နှစ်နိုင်ငံ အပြန်အလှန် တိုက်ခိုက်မှု သည် ပိုမို များပြား လာခဲ့ပြီး သေဆုံး ဒဏ်ရာရရှိမှု များပြား လာခဲ့သည်။ နှစ်နိုင်ငံ စလုံး က အမြဲပင် တစ်ဘက် နိုင်ငံ က သဘောတူညီမှု ချိုးဖောက်ကြောင်း ပြစ်တင်ဝေဖန် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.