Connect with us

Asia

ရုရှားတွင် ပူးတွဲ စစ်ရေးပြပွဲ ပြုလုပ်ရန် တရုတ် ရေတပ် ရောက်ရှိ

၂၀၁၃ ခုနှစ်က ရုရှားသို့ ရောက်ရှိလာသည့် တရုတ် ရေတပ် စစ်သင်္ဘောများအား တွေ့ရစဉ် (ဆင်ဟွာ)

ကလင်းနာဂရတ်၊ ရုရှား၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဘော်တစ်ပင်လယ်ပြင်တွင် ဇူလိုင်လကုန်ပိုင်းတွင် ပြုလုပ်မည့် တရုတ်နှင့် ရုရှား စစ်ရေးပြပွဲ တစ်ခုပြုလုပ်ရန် တရုတ် ရေတပ် သင်္ဘောစု ရုရှားနိုင်ငံ ကလင်းနာဂရတ်မြို့သို့ ဇူလိုင်လ ၂၁ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ် ရေတပ်သင်္ဘောစုတွင် ဖျက်သင်္ဘော တစ်စီး၊ ဖရီးဂိတ် စစ်သင်္ဘော တစ်စီး၊ ထောက်ပံ့သင်္ဘော တစ်စီး၊ သင်္ဘောတင် ရဟတ်ယာဉ်များနှင့် သင်္ဘောသားများ ပါဝင်သည်။ ရုရှားနိုင်ငံဘက်ကလည်း ဖရီးဂိတ် စစ်သင်္ဘော တစ်စီး၊ လေယာဉ် တစ်စင်း၊ ရဟတ်ယာဉ်များနှင့် ရေတပ်သားများ ပါဝင်ကြောင်း သိရသည်။

နှစ်နိုင်ငံ စီမံကိန်းအရ လေကြောင်း ကာကွယ်မှု၊ ပင်လယ်ရေကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး၊ ပြန်လည် ဖြည့်တင်းရေးနှင့် အခြား စစ်ရေးပြ လေ့ကျင့်ခြင်းများ ပူးတွဲ လုပ်ကိုင်မည် ဖြစ်သည်။

နှစ်နိုင်ငံ စစ်တပ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရေးနှင့် တရုတ်-ရုရှား ကျယ်ပြန့်သော မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ညှိနှိုင်းဆောင်ရွက်ရေး ခိုင်မာမှုအရ စိန့်ပီတာဘာ့ခ်မြို့တွင် ရုရှား ရေတပ်နေ့ အခါသမယတွင် ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနား၌ တရုတ်နှင့် ရုရှား ရေတပ်များသည် ပူးတွဲ စစ်ရေးပြပွဲများသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ကုတ်နံပါတ် “Joint Sea 2017” ဟု အမည်ပေးထားသော စစ်ရေးပြပွဲအား ကယ်ဆယ်ရေး လုပ်ငန်းများ ပူးတွဲ ပြုလုပ်ခြင်းနှင့် ပင်လယ်ပြင်တွင် ဘေးအန္တရာယ်ကင်းသော စီးပွားရေးဆိုင်ရာ လုပ်ဆောင်မှုများ ကာကွယ်ရေးအတွက် ရည်ရွယ်ကာ လုပ်ဆောင်ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.