Connect with us

Asia

ပိတ်ဆို့အရေးယူမှု တိုးမြှင့်ဆောင်ရွက်ခြင်း၏ အကျိုးဆက် ကို အမေရိကန် နိုင်ငံ ပေးဆပ်ရမည် ဟု မြောက်ကိုရီးယား နိုင်ငံ ပြောကြား

ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ၌ အစည်းအဝေး ကျင်းပနေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန က စက်တင်ဘာ ၁၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမေရိကန် နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် မြောက်ကိုရီးယား နိုင်ငံ အား ပိတ်ဆို့အရေးယူမှု များတိုးမြှင့်ရန် အဆိုတင်တွင်း ပါက အမေရိကန် နိုင်ငံ သည် သက်ဆိုင်ရာ အကျိုးဆက် ကို ပေးဆပ်ရန် မြောက်ကိုရီးယား နိုင်ငံ မှ ဆောင်ရွက်မည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ သတင်းဖော်ပြမှု တွင် အမေရိကန် နိုင်ငံ သည် မြောက်ကိုရီးယား နိုင်ငံ မှ လတ်တလော ကာလတွင် ပြုလုပ်ခဲ့သည့် နျူကလီးယား စမ်းသပ်မှု ကို အကြောင်းပြု၍ ကုလသမဂ္ဂ တွင် မြောက်ကိုရီးယား နိုင်ငံ အား ပိတ်ဆို့အရေးယူမှု အသစ်များ ဆောင်ရွက်ရန် အတွက် ကြံစည်နေကြောင်း ၊ အမေရိကန် ၏ အဆိုပြုချက် အတည်ပြုနိုင်ခဲ့ပါက မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံအား သမိုင်းတစ်လျှောက် အခက်အခဲဆုံးသော အခြေအနေ သို့ရောက်ရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် နျူကလီးယား လက်နက် စမ်းသပ်တီထွင်ခြင်း သည် အမေရိကန် နိုင်ငံ ၏ မြောက်ကိုရီးယား နိုင်ငံအပေါ်ထားရှိသည့် ရန်လိုသော မူဝါဒ နှင့် နျူကလီးယား ခြိမ်းခြောက်မှု ကို တားဆီးနိုင်ရန် အတွက် ဖြစ်ပြီး ပုံမှန် မိမိကိုယ်ကိုကာကွယ်သည့် ဆောင်ရွက်မှု များသာဖြစ်ကြောင်းလည်း ပါဝင်ခဲ့သည်။

သတင်းဖော်ပြချက်များအရ အမေရိကန် နိုင်ငံ သည် မြောက်ကိုရီးယား နိုင်ငံ ၏ စက်တင်ဘာ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် နျူကလီးယား စမ်းသပ်မှု နှင့် ပတ်သက်၍ ပိတ်ဆို့အရေးယူအသစ်များ ဆောင်ရွက်ရန် အတွက် မူကြမ်းရေးဆွဲထားပြီး ဖြစ်ကာ စက်တင်ဘာ ၁၁ ရက်နေ့၌ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ တွင် မဲခွဲဆုံးဖြတ်မှု ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.