Connect with us

Asia

ပါကစ္စတန်နိုင်ငံတွင် စစ်သွေးကြွအဖြစ် သံသယရှိသူ ၅၃ဦးကို ဖမ်းဆီး

ပါကစ္စတန်ရဲတပ်ဖွဲ့ဝင်များ ကရာချိမြို့တွင် စီးနင်းမှုများပြုလုပ်စဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် ကရာချိမြို့ ၏ မတူညီသောနေရာများတွင် လွန်ခဲ့သည့် ၂၄နာရီအတွင်း ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့၏စီးနင်းမှုများအတွင်း စစ်သွေးကြွအဖြစ်သံသယရှိသူ ၅၃ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နှင့် ယင်းစစ်ဆင်ရေးများအတွင်း သံသယရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ကရာချိမြို့ ရဲမှူး Adeel Chandio က နိုင်ငံတောင်ပိုင်း Sindh ပြည်နယ် မြို့တော် ကရာချိမြို့ ရှိ နေရာအနှံ့အပြားတွင် မတူညီသော အုပ်စုများမှ စစ်သွေးကြွများ နှင့် ရာဇဝတ်သားများ ရှိနေကြောင်း ထောက်လှမ်းရေးသတင်းများရရှိပြီးနောက် ရဲတပ်ဖွဲ့ နှင့် ဥပဒေဘက်တော်သားများက ဝင်ရောက်စီးနင်းမှုများပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။အသေးစိတ်အချက်အလက်အရ မြို့တော်၏ Darakhshanဧရိယာတွင် ပြုလုပ်ခဲ့သည့် စီးနင်းဖြိုခွဲမှုတစ်ခုတွင် သံသယရှိသူ ၃ဦးကို တရားရုံးသို့ ဖမ်းဆီးခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့နှင့် အထူးတပ်ဖွဲ့ဝင်များသည် မူးယစ်မှောင်ခိုများ၊ အစွန်းရောက်များ နှင့် စစ်သွေးကြွများအတွက် စိတ်ချရသော နေရာအဖြစ် သတ်မှတ်နိုင်သည့် ဘာရာရီဧရိယာ ကို ပိတ်ဆို့စီးနင်းခဲ့ပြီး သံသယရှိသူ ၅၀ဦးကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။သို့သော် ချာကီဝါရာဧရိယာကို စီးနင်းစဉ် အမည်မသိ သံသယရှိသူ တစ်ချို့ က အဖမ်းမခံဘဲ ရဲတပ်ဖွဲ့အား ပစ်ခတ်ခဲ့၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ သံသယရှိသူတစ်ဦးသေဆုံးပြီး ကျန်သံသယရှိသူများလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သွေးကြွများကို ဆက်လက်စုံစမ်းမှုများပြုလုပ်သွားရန် လျှို့ဝှက်စခန်းများသို့ ပြောင်းရွှေ့ထားခဲ့ကြောင်း သိရသည်။Ansar-ul-Sharia Pakistan အကြမ်းဖက်အဖွဲ့အစည်း ၏ အကြီးအကဲဖြစ်သူကို လွန်ခဲ့သည့်အပတ်က ဖမ်းဆီးခဲ့ပြီးနောက် လူနေထူထပ်သည့် ကရာချိမြို့တွင် ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေးအဖွဲ့များသည့် အသင့်အနေအထားဖြင့် စီးနင်းမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။ (Xinhua)