Connect with us

Asia

ပူးပေါင်း ဆောင်ရွက်ခြင်း ဆိုင်ရာ သဘောတူညီချက် ၁၈ ခု အိန္ဒိယနှင့် ဂျာမနီ လက်မှတ်ရေးထိုး

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာမာကဲလ်နှင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ တို့တွေ့ဆုံစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနှင့် ဂျာမနီနိုင်ငံတို့သည် ဆိုလာစွမ်းအင်၊ လုံခြုံရေး၊ အဆင့်မြင့် ပညာရေး၊ မြို့ပြ လေကြောင်း၊ ရထားလမ်းနှင့် စားနပ်ရိက္ခာ ဖူလုံရေး စသည်တို့ အပါအဝင် နယ်ပယ်များစွာ၌ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု စာချုပ် ၁၈ ခုအား တနင်္လာနေ့က လက်မှတ် ရေးထိုးလိုက်သည်။

အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာမာကဲလ်နှင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီတို့က အဆိုပါ လက်မှတ် ရေးထိုးပွဲသို့ တက်ရောက်ခဲ့သည်။

သန့်ရှင်းသော စွမ်းအင် ရရှိရေး ကဏ္ဍတွင် ဂျာမဏီမှ အိန္ဒိယ၏ သဘာဝမှ ရရှိသော စွမ်းအင်နှင့် ဆိုလာ စီမံကိန်းများ အတွက် ယူရို ၁ ဘီလီယံစီ အသီးသီး ပေးအပ် မည်ဖြစ်သည်။

ဂျာမနီ၏ စွမ်းအားနဲ့ အိန္ဒိယနိုင်ငံ၏ ဦးစားပေးမှုတို့က ညီမျှနေတယ်၊ ပြီးတော့လဲ အပြန်အလှန် ချစ်ကြည်မှုရင်း နှီးမှုလည်း ရှိတယ်၊ သန့်ရှင်းသော စွမ်းအင် ကဏ္ဍမှာ ဂျာမနီရဲ့ ဦးဆောင်မှုနဲ့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး ကတိကဝတ်များကိုလည်း ချီးမွမ်းပါတယ်” ဟု မိုဒီက ပြောသည်။
ရေရှည် တည်တံ့သော ကမ္ဘာကြီးအတွင်း နှစ်နိုင်ငံသည် ခိုင်မာသော မိတ်ဖက်များ အနေနှင့် ဆက်လက် တည်ရှိနိုင်ပြီး ဂျာမန်၏ အင်ဂျင်နီယာနည်းပညာနှင့် အိန္ဒိယ၏ အိုင်တီတို့ဖြင့် အနာဂတ်လှိုင်းများအား ဖန်တီးနိုင်မည်။ တန်ဖိုးများနှင့် တာဝန်သိမှုများအား ဝေမျှကြမည် ဟု မိုဒီက ပြောကြားလိုက်သည်။
ဂျာမနီ ဝန်ကြီးချုပ် မာကဲလ်က နှစ်နိုင်ငံလုံး အနေဖြင့် အချိန်ကို အကောင်းဆုံး အသုံးပြုကြမည့် အကြောင်းနှင့် သဘောတူညီမှု များစွာ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း ပြောသည်။
ထို့ပြင် အသေးစားနှင့် အလတ်စား ဂျာမန်စီးပွားရေး လုပ်ငန်းများအား အိန္ဒိယ မှ ကြိုဆိုမှု ကို ဂျာမနီ အနေဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြထားသလို စီးပွားရေး ဆက်ဆံမှုသည် အရေးပါလှသည်ဟု မာကဲလ်ကပြောသည်။
ဂျာမနီ ဝန်ကြီးချုပ် မာကဲလ်သည် အိန္ဒိယနိုင်ငံသို့ သုံးရက်တာ အလည်အပတ်ရောက်ရှိနေခြင်း ဖြစ်ပြီး ၎င်းနှင့်အ တူ အဆင့်မြင့်ဝန်ကြီးများ နှင့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါလာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.