Connect with us

Asia

အေဒန် မြို့တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား၍ အာရပ် မဟာမိတ် တပ်ဖွဲ့မှ တပ်သား ၁၅ ဦးကျော် သေဆုံး

ယခုနှစ် မတ်လ ပိုင်းတွင် ယီမင် နိုင်ငံ အေဒန် မြို့ရှိ စစ်တပ် လက်နက် သို့လှောင်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည် ကို မြင်တွေ့ ခဲ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

အစွန်းရောက် အကြမ်းဖက် IS အဖွဲ့သည် အောက်တိုဘာ ၆ ရက်နေ့တွင် ယီမင် နိုင်ငံ တောင်ပိုင်း ရှိ အေဒန် မြို့တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး မဟာမိတ် တပ်ဖွဲ့မှ တပ်သား အနည်းဆုံး ၁၅ ဦး သေဆုံး ခဲ့ရသည်။

IS အဖွဲ့သည် ၎င်း တို့အဖွဲ့ မှ တိုက်ခိုက်ရေး သမား ၄ ဦး ဖြင့် ပေါက်ကွဲ စေသည့် ပစ္စည်း များ တင်ဆောင် ထားသည့် ကားများ ဖြင့် ယီမင် နိုင်ငံ ဝန်ကြီးချုပ် နှင့် ပြည်ထဲရေး ဝန်ကြီး တို့ နေထိုင်ရာ ဟိုတယ် နှင့် အာရပ် မဟာမိတ် တပ်ဖွဲ့ များအသုံးပြု နေသည့် စစ်စခန်း များကို တိုက်ခိုက် ခဲ့ကြောင်း နှင့် အများအပြား သေဆုံးဒဏ်ရာရ စေခဲ့ကြောင်း ထိုနေ့တွင်ပင် အင်တာနက် ပေါ်၌ ဖော်ပြ ခဲ့သည်။

ယီမင် နိုင်ငံ ဝန်ကြီးချုပ် Bahah မှ ၎င်း နှင့် ပြည်ထဲရေး ဝန်ကြီး တို့မှ ဗုံးဖေါက်ခွဲမှု တွင် ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိခဲ့ကြောင်း ၊ လက်ရှိအချိန်တွင် လုံခြုံသော နေရာ တစ်ခု သို့ ပြောင်ရွှေ့လိုက်ပြီ ဖြစ်ကြောင်း ၊ မိမိ တို့ အနေဖြင့် အေဒန် မြို့မှ ထွက်ခွာ သွားမည် မဟုတ်ဘဲ ဆက်လက်၍ လုပ်ငန်း များ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့ပါသည်။

အမည် မဖော်လိုသော အရာရှိ တစ်ဦးမှ ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့ရာတွင် ယခု ဗုံးခွဲ တိုက်ခိုက်မှု တွင် အနည်းဆုံး ၁၈ ဦးခန့် သေဆုံးခဲ့ပြီး ၎င်းတို့ အတွင်း မှ အများစု မှာ မဟာမိတ် တပ်ဖွဲ့မှ တပ်သား များ ဖြစ်ကြကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ ထုတ်ပြန်ခဲ့သည့် စာရင်း များအရ ယခုနှစ် မတ်လ ၂၆ ရက်နေ့ မှ စတင်၍ ယီမင် နိုင်ငံ အတွင်း မြေပြင် နှင့် ဝေဟင် တိုက်ခိုက်မှု များကြောင့် သေဆုံးသူ ဦးရေ သည် ၅,၀၀၀ ကျော်ရှိခဲ့ပြီး တစ်ဝက်ခန့် မှာ အရပ်ဘက် ပြည်သူ များ ဖြစ်ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117