Asia
ဖိလစ်ပိုင်တွင် စက်လှေတစ်စင်းပေါက်ကွဲမှုကြောင့် လူ ငါးဦးသေဆုံး
မနီလာ၊ မတ် ၂၈ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Zamboanga မြို့တွင် စက်လှေတစ်စင်းပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦးသေဆုံးပြီး အခြားလူ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က မတ် ၂၈ ရက်တွင်ပြောကြားခဲ့သည်။
Zamboanga မြို့ ကမ်းရိုးတန်းတပ်ဖွဲ့ တပ်မှူး ဒုတိယဗိုလ်မှူးကြီး Alvin Dagalea က မတ်လ ၂၇ ရက် ည ၈း၂၀နာရီတွင် စက်လှေတစ်စင်းသည် Zamboanga မြို့ ရှိ ပုဂ္ဂလိကဆိပ်ခံတံတားတစ်ခု၌ ဆီဖြည့်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
စက်လှေအတွင်းမှ ရုပ်အလောင်း ငါးလောင်းကို ထုတ်ယူပြီးဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
၎င်းက ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ အာဏာပိုင်များက ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)