Connect with us

Asia

ဘာရိန်းနိုင်ငံ တရားရုံးက တရားခံနှစ်ဦးကို လူသတ်မှုဖြင့် သေဒဏ်ချမှတ်

ဘာရိန်းနိုင်ငံ ရှိ အများပြည်သူဆိုင်ရာ ရှေ့နေရုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မာနာမာ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ဘာရိန်းနိုင်ငံ တရားရုံး က ၂၀၁၅ခုနှစ် တွင်ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့ဝင် နှစ်ဦးအသတ်ခံရမှုဖြင့် တရားခံနှစ်ဦးအား မတ်လ ၂၉ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးသည် ဘာရိန်းနိုင်ငံသား သံသယရှိသူ ၂၄ဦးတွင်ပါဝင်ပြီး ငါးဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ၁၅ဦးကို ထောင်ဒဏ် ၁၀လ မှ ၆လအထိ အသီးသီးထောင်ဒဏ်များချမှတ်ခဲ့ပြီး အခြား နှစ်ဦးကို တရားသေလွှတ်ပေးခဲ့ကြောင်း သိရသည်။ တရားခံများ အနက် ၈ဦးကို နိုင်ငံသားအဖြစ်မှ ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အကြမ်းဖက်ရာဇဝတ်ဆိုင်ရာတရားရုံးရှေ့နေချုပ် Ahmed Al-Hamadi က တရားခံများသည် ဘာရိန်းနိုင်ငံ၏ အနီရောင်ဧရိယာများအနက် တစ်ခု ဖြစ်သည့် Sitra ဧရိယာတွင် ဘတ်စ်ကားတစ်စီးပေါက်ကွဲမှု၌ ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား သတ်ဖြတ်ခဲ့မှုဖြင့် ပြစ်ဒဏ်ထင်ရှားကြောင်း ပြောကြားခဲ့သည်။

၂၀၁၆ခုနှစ်တွင် နိုင်ငံမြောက်ပိုင်း ပေါက်ကွဲမှုတစ်ခုတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဒဏ်ရာရရှိစေမှုဖြင့်လည်း တရားခံ သုံးဦးကို လွန်ခဲ့သည့် အပတ်က သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ဘာရိန်းနိုင်ငံသည် ဘာရိန်းနိုင်ငံသား သုံးဦးအား ၂၀၁၄ခုနှစ်တွင် ရဲအရာရှိသုံးဦးကို သတ်ဖြတ်ခဲ့မှုဖြင့် ဇန်နဝါရီလ တွင်လည်း ကွပ်မျက်ခဲ့ကြောင်း သိရသည်။

ပြင်းထန်သော ပြစ်ဒဏ်များချမှတ်မှု သည် အစွန်းရောက်အကြမ်းဖက်မှုများအား လျှော့ချရန် ဘာရိန်းနိုင်ငံက ကြိုးပမ်းနေမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.