Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်လှုပ် ၊ အပျက်အစီးရှိနိုင်

ဖိလစ်ပိုင်နိုင်ငံ Pampanga ပြည်နယ် Luzon ကျွန်းတွင် ၂၀၁၉ ခုနှစ် ဧပြီ ၂၃ ရက်က ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးပုံအား ကယ်ဆယ်ရေးသမားများက ရှင်းလင်းနေစဉ်(ဆင်ဟွာ)

မနီလာ၊ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗို့ပြည်နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ကနဦးတိုင်းတာစစ်ဆေးမှုအရ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံငလျင် နှင့် မီးတောင်ဆိုင်ရာဌာန(Phivolcs) ၏ ထုတ်ပြန်ချက် အရ သိရသည်။

Phivolcs ဌာန၏ ထုတ်ပြန်ချက်အရ ယင်းငလျင်သည်  Magsaysay မြို့မှ အရှေ့တောင်ပိုင်း ၆ ကီလိုမီတာအကွာခန့်တွင် ဗဟိုပြု၍ အနက် ၁၅ ကီလိုမီတာ၌ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၂၂ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြေမျက်နှာပြင်ပေါ်တွင် တုန်ခါ လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုရှိနိုင်ကြောင်း ဌာန ကဆိုသည်။

\
အဆိုပါ ငလျင်လှုပ်ခတ်မှုကို Kadapawan မြို့ ၊ တောင်ပိုင်း Cotabato ပြည်နယ်၏ မြို့တော် Koronadal မြို့ နှင့် မင်ဒါနာအိုဒေသအတွင်းရှိ အခြားသော နေရာများစွာတွင်လည်း သိရှိခံစားရကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်ငလျင်ကြောအတွင်း တည်ရှိနေရာ မကြာခဏ ငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။(Xinhua)

…………………………………………
(English Version)
6.3-magnitude earthquake rattles southern Philippines, damages expected
MANILA, Feb. 7 (Xinhua) — An earthquake with a preliminary magnitude of 6.3 shook Davao del Sur province in the southern Philippines on Sunday, the Philippine Institute of Seismology and Volcanology (Phivolcs) reported.
   The institute said the quake, which struck at 12:22 p.m. local time, hit at a depth of 15 kilometers, about 6 kilometers southeast of Magsaysay town.
   The institute said the quake, which was tectonic in origin, will trigger aftershocks and cause damage.
   The tremors was also felt in Kadapawan City, Koronadal City in South Cotabato and other areas in the Mindanao region.
   The Philippines has frequent seismic activity due to its location along the Pacific “Ring of Fire”.  Enditem
Photo caption – 6.1-magnitude earthquake  struck the Philippines’ main Luzon Island on April 23, 2019.