Connect with us

Asia

ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ရာကျော် ဒဏ်ရာရရှိ

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု ဖူကူရှီးမားမြို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဆိုင်ခန်းအတွင်း ပစ္စည်းများ ပြုတ်ကျပျက်စီးခဲ့သည်ကို ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) 

ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းက ဂျပန်နိုင်ငံ ဖူကူရှီးမားအရှေ့ပိုင်းပင်လယ်ပြင်၌ မြေအောက်အနက် (၅၅)ကီလိုမီတာ ကို ဗဟိုပြု၍ ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ဂျပန်မိုးဇလဌာနက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းတော့မရှိပေ။

ငလျင်ဒဏ်ကြောင့် ဖူကူရှီးမားစီရင်စု၊ မီရာဂိစီရင်စု စသည့် ဒေသများတွင် ဒဏ်ရာရသူ (၁၀၀)ကျော်ရှိကြောင်း ဂျပန်သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ဂျပန်နိုင်ငံ မီရာဂိစီရင်စု Sendaiမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆိုင်းခန်းအတွင်း ပြုတ်ကျနေသည့် ပစ္စည်းအချို့အား ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု Koriyamaမြို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အတွင်း ပရိဘောဂပစ္စည်းများ ပြုတ်ကျပျက်စီးနေသည်ကို ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ နေရာအမြောက်အမြားတွင် ငလျင်လှုပ်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားသိရှိခဲ့ရာ လူအများက ယခုအကြိမ်ငလျင်လှုပ်ခတ်မှုသည် ၂၀၁၁ ခုနှစ် “၃/၁၁” ငလျင်ကြီးအပြီး အပြင်းထန်ဆုံး ငလျင်လှုပ်ခတ်မှုဖြစ်ကြောင်း ဆိုသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ရေမီးလျှပ်စစ်ပြတ်တောက်မှုများ နေရာအနှံ့အပြားတွင် ဖြစ်ပွားခဲ့ပြီး အချို့ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများလည်း ယာယီပိတ်ထားခဲ့ရ ကြောင်း သိရသည်။

ငလျင်ကြောင့် ဂျပန်နိုင်ငံနေရာအမြောက်အမြား၌ ရေမီးလျှပ်စစ်ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ရာ အရှေ့မြောက်ပိုင်းဒေသတွင် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်အနည်းဆုံး (၁၀)ခုကို ယာယီ ရပ်နားခဲ့ရကြောင်း သိရသည်။

ငလျင်ဖြစ်ပွားရာ ဗဟိုချက်ဒေသတွင် ဘူမိသဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးချက်များထုတ်ဖြစ်ခဲ့ပြီး ဖူကူရှီးမားစီရင်စုတွင် တောင်မြေပြိုမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Tōhoku ၊ Joetsu၊ Hokuriku၊Tokaido Shinkansenအချို့ဒေသများတွင် လျှပ်စစ်မီး ပျက်တော်မှုကြောင့် သယ်ယူပို့ဆောင်ရေးများ ယာယီရပ်နားခဲ့ရသည်။ ဖူကူရှီးမား စီရင်စု ဖူကူရှီးမားမြို့၏ JR ဘူတာ ပိုက်လိုင်း ပျက်စီးမှုကြောင်း ရေအမြောက်အမြား ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း ဖူကူရှီးမားမြို့နေပြည်သူအချို့သည် ငလျင်လှုပ်ခတ်မှုအပြီးတွင် ဈေးအရောင်းဆိုင်းများ၌ ပစ္စည်းအလုအယက်ဝယ်ယူမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုအကြိမ်ငလျင်လှုပ်ခတ်မှုသည် တိုင်းတာချက်များအရ အဆင့် (၆) ရှိပြီး “၃/၁၁”၏ နောက်ဆက်တွဲ ငလျင်ဖြစ်နိုင်ကြောင်း ဆိုသည်။

ယခုအကြိမ် ငလျင်၏လှုပ်ခတ်မှု အများဆုံးအတိုင်းအတာသည် အဆင့် (၆) ရှိရာ ဖူကူရှီးမား စီရင်စု ဒေသတစ်ဝက်နီးပါး၊ အနီးရှိ မီရာဂိစီရင်စုတစ်ခုလုံး၏ လှုပ်ခတ်မှုအတိုင်းအတာသည် အဆင့် (၆)တွင်ရှိကြောင်း သိရသည်။ ဂျပန်မိုးဇလဌာနအနေဖြင့် ငလျင်၏ လှုပ်ခတ်မှု အတိုင်းအတာကို နည်းရာမှ များရာသို့အစဉ်အတိုင်း အဆင့် (၁၀)ခု ခွဲထားရာ အပြင်းထန်ဆုံးအဆင့်မှာ အဆင့်(၇)ဖြစ်ပြီး အဆင့်(၆)သည် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

ယခုလှုပ်ခတ်သည့် ငလျင်သည် ၂၀၁၁ ခုနှစ်”၃/၁၁”ငလျင်ကြီး၏ နောက်ဆက်တွဲဖြစ်နိုင်ကြောင်း ၊ ယခု နှစ်ရက်သုံးရက်မှ တစ်ပတ်အတွင်း ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားနိုင်သေးသည်ဟု ဂျပန်မိုးဇလက ခန့်မှန်းထားရာ လူထုအနေဖြင့် လုံခြုံရေးကို ဂရုပြုကြရန် သတိပေးထားကြောင်း သိရသည်။

ဖူကူရှီးမား အမှတ်(၂) နျူကလီးယားစွမ်းအင်ဓါတ်အားပေးစက်ရုံမှ အအေးခံရည် အနည်းငယ်ယိုစိမ့်မှု ဖြစ်ပွားခဲ့သည်။

ဖူကူရှီးမားရှိ နျူကလီးယားစွမ်းအင်ဓါတ်အားပေးစက်ရုံကိုများ “၃/၁၁”ငလျင်ကြီး အပြီးတွင် ရပ်နားထားရာ ဖေဖော်ဝါရီ ၁၃ ရက် ငလျင်လှုပ်ခတ်ပြီးနောက် ဖူကူရှီးမား အမှတ်(၁) နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် ဓာတ်ရောင်ခြည်စောင့်ကြည့် ကိန်းဂဏန်းများ ပြောင်းလဲမှု မရှိကြောင်း ၊ မီရာဂိစီရင်စု Onagawa နျူကလီးယား ဓါတ်အားပေးစက်ရုံ၏စက်ပစ္စည်းများနှင့် ဓါတ်ရောင်ခြည် ကိန်းဂဏန်းများအပြောင်းအလဲမရှိကြောင်း ၊ Ibaraki စီရင်စု Tokai အမှတ်(၂) ဓါတ်အားပေးစက်ရုံ၊ Niigata စီရင်စုKashiwazaki-Kariwaနျူကလီးယား ဓာတ်အားပေးစက်ရုံများတွင် ပြောင်းလဲမှုမရှိကြောင်း တိုကျိုလျှပ်စစ်ဓာတ်အား ကုမ္ပဏီက အတည်ပြုခဲ့သည်။

သို့သော် ဂျပန် NHK ရုပ်သံသတင်းများအရ ဖူကူရှီးမာ အမှတ်(၂) နျူကလီးယား ဓါတ်အားပေးစက်ရုံ၏ အမှတ်(၁)ဓါတ်အားပေးစက်တွင် နျူကလီးယားလောင်စာအအေးခံရည်အနည်းငယ်ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း၊ သို့သော်လည်း ဓါတ်ရောင်ခြည်ရိုက်ခတ်မှုပမာဏအလွန်နည်းကြောင်း ဖော်ပြခဲ့သည်။ (Xinhua)
——————————
Chinese Version)
多地剧烈晃动!日本7.3级强震已致百人受伤
当地时间13日晚,日本福岛东部海域发生7.3级强震,震源深度55公里。地震发生后,日本气象厅没有发布海啸警报。据日媒报道,地震已造成福岛县、宫城县等地超100人受伤。
日本多地震感强烈,很多人都表示,这次地震是自2011年“3•11”大地震以来震感最强烈的一次。
地震导致大面积停电断水
部分轨道交通暂停
地震造成日本多地发生大面积停电和断水,东北地区至少10个火力发电机组暂停发电。震中所在地区发出地质灾害预警,福岛县已发生山体滑坡。
日本东北、上越、北陆、东海道新干线部分区间因停电暂时停运。福岛县福岛市的JR车站管道受损,大量漏水。
福岛市一些居民地震后前往便利店紧急购买物资。
这次地震的最大震度是“6强”,福岛县近一半地区以及邻近的宫城县全境的震度均为“6强”。根据日本气象厅设定的震度分级方式,由弱到强分为10级,最强的是“7”,其次是“6强”。
日本气象厅认为,这次地震可能是2011年“3•11”大地震的余震,近两三天乃至今后一周仍可能发生强震,提醒居民注意安全。
福岛第二核电站冷却水轻微泄漏
经东京电力公司确认,福岛地区的核电站自“3•11”大地震后便处于停运状态,13日晚的地震发生后,福岛第一核电站没有报告辐射监测数据变化;宫城县女川核电站的设备没有明显异常,辐射监测数据没有变化;茨城县东海第二核电站和新潟县的柏崎刈羽核电站也没有异常。
但据NHK电视台报道,福岛第二核电站的一号机组用以保存核燃料的冷却水发生轻微泄漏,不过据称辐射量很低。

编辑:邬金夫