Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ နိုဝင်ဘာလတွင်လက်ခံကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး ကာလအတွင်း လက်နက်ယူဆောင်ခွင့်ကို ပိတ်ပင်တားမြစ်ထား

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ ၌ ၂ဝ၁၇ ခုနှစ် ဧပြီလ ၂၃ ရက်တွင် ကျင်းပခဲ့သည့် 30th Association of Southeast Asian Nations (ASEAN) အစီးအဝေးတွင် ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

မနီလာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး ကမ္ဘာ့ခေါင်းဆောင်များတက်ရောက်ကြမည့် အာဆီယံထိပ်သီးအစည်းအဝေးအား လုံခြုံဘေးကင်းစွာကျင်းပနိုင်ရေးအတွက် နိုဝင်ဘာလ ၁ ရက်မှ စတင်ကာ ၁၅ ရက်အထိ လက်နက်ယူဆောင်ခွင့် ပိတ်ပင်တားမြစ်ကြောင်းကို ဖိလစ်ပိုင် စစ်တပ်က အမိန့်ထုတ်ပြန်ခဲ့သည်ဟု အောက်တိုဘာလ ၇ ရက်ထုတ် ဒေသတွင်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသို့အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံမှ ခေါင်းဆောင်များ ၊ အာဆီယံဆွေးနွေးဖက် ၇ နိုင်ငံမှ ခေါင်းဆောင်များ အပါအဝင် သက်ဆိုင်ရာ ကိုယ်စားလှယ်များ နှင့် သတင်းမီဒီယာများ စုစုပေါင်း အရေအတွက် ထောင်ကျော်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံ ခေါင်းဆောင်းများ၏ ထိပ်သီးအစည်းအဝေးအပြီးတွင် အာဆီယံ ၁ဝ နိုင်ငံမှ ခေါင်းဆောင်များသည် သြစတြေးလျ ၊ တရုတ် ၊ အိန္ဒိယ ၊ ဂျပန် ၊ နယူးဇီလန် ၊ တောင်ကိုရီးယား ၊ ရုရှား နှင့် အမေရိကန်နိုင်ငံများမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန် ရှိသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ Oscar Albayalde က လုံခြုံရေးအတွက် မနီလာမြို့တော်တွင် လုံခြုံရေးစစ်ဆေးရေးဂိတ်များကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Philippine Star သတင်းစာက ဖော်ပြခဲ့သည်။
ထို့ပြင် Oscar Albayalde က အာဆီယံထိပ်သီးအစည်းအဝေး လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အနေဖြင့် မနီလာမြို့လမ်းများပေါ်တွင် ဝင်ရောက်စီးနင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.