Connect with us

Asia

ဘန်ကောက်တွင် အဝတ်အခြောက်ခံစက် ပေါက်ကွဲမှုဖြစ်ပွားရာ လူ၈ဦးဒဏ်ရာရရှိ

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘန်ကောက်မြို့မှ အဝတ်လျှော်ဆိုင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ဘက် ဆင်ခြေဖုံးရှိ အဝတ်လျှော်ဆိုင်တစ်ခု၌ အောက်တိုဘာ ၉ရက်တွင် အဝတ်အခြောက်ခံစက် တစ်လုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဘန်ကောက်မြို့မြောက်ဘက် ၂၅ကီလိုမီတာ အကွာ နန်သာဘူရီပြည်နယ် ပတ်ခ်ခရက်ခရိုင် ချာအန်းဝတ္တနာလမ်းမပေါ်ရှိ လာ-အောင်း ဖောင်း အဝတ်လျှော်ဆိုင် တွင် အဝတ်အခြောက်ခံစက်တစ်ခု ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးအနားနှင့် ဖြတ်သွားဖြတ်လာ လူ ၈ဦးဒဏ်ရာရရှိကာ အဝတ်လျှော်ဆိုင် ပျက်စီးခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဝတ်လျှော်ဆိုင် ပေါက်ကွဲမှုကြောင့် သုံးထပ်တိုက်ဈေးဆိုင်တန်းတစ်လျှောက် နေရာအနှံ့တွင် စတီးချောင်းများ နှင့် အခြားအပျက်အစီးများ လွင့်စင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.