Asia
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် အင်အား ၅.၄ ရှိသော ငလျင်လှုပ်ခတ်
မနီလာ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက အင်အား ၅.၄ ရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာရှင်အဖွဲ့ (Phivolcs) က ပြောကြားခဲ့သည်။
အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၃း၀၁ နာရီက ဆာရန်ဂါနီမြို့ အရှေ့တောင်ဘက် ၁၃၆ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၂၄ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ မရှိကြောင်း သိရသည်။
ငလျင်လှုပ်ရှားမှုအား အယ်လာဘယ်မြို့နှင့် ဂျန်နရယ်ဆန်တို့စ်မြို့များတွင်လည်း ခံစားခဲ့ရသည်ဟု ဆိုသည်။ (Xinhua)