Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် အင်အား ၆.၁ ရှိသော ငလျင်လှုပ်ခတ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ

ငလျင်လှုပ်ခတ်မှုကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အရှေ့ဂျာဗားပြည်နယ်၌ ပြင်းအား ၆.၁ ရှိသော ငလျင်တစ်ခု စက်တင်ဘာလ ၁၉ ရက်တွင် လှုပ်ခတ်ခဲ့ကြောင်း၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။

အဆိုပါ ငလျင်အား အစောပိုင်းက အင်အား ၅.၆ ပမာဏရှိသည်ဟု အဆိုပါ လုပ်ငန်း၏ တာဝန်ရှိသူ အယ်လ်ဖာသ် အဘူဘက်ကာ (Alfath Abubakar) က ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။ (Xinhua)