Asia
ဖိလစ်ပိုင် သင်္ဘော တိမ်းမှောက် ၃၆ ဦးသေဆုံး၊ ၁၉ ဦးပျောက်ဆုံး

မနီလာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
ဖိလစ်နိုင်ငံ Leyte ကျွန်းစု ဒေသက အော်မို့မြို့ ရေပိုင်နက်ထဲမှာ ခရီးသည်တင် သင်္ဘော တိမ်းမှောက်မှုကြောင့် အနည်းဆုံးလူ ၃၆ ဦးသေဆုံးခဲ့ပြီး ၁၉ ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ယနေ့ နေ့လည်က ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် (Philippine Coast Guard = PCG) ကပြောပါသည်။
PCG ရဲ့ ပြည်သူ့ရေးရာ ဦးစီးချုပ် အာမန်ဒို ဘာလီလိုက ခရီးသည် တင်သင်္ဘော M/B Nivrana-B ဟာလူ ၁၇၃ ဦးကို တင်ဆောင်လာပြီး ကမ်းခြေကနေ မီတာနှစ်ရာအကွာ ဆိုးဝါးတဲ့ ရာသီဥတုကို ရုတ်တရက် ကြုံတွေ့လိုက်ရလို့ တိမ်းမှောက်သွားပါတယ်လို့ ပြောပါသည်။
ခရီးသည်တင် သင်္ဘောဟာ ကမော့စ်ကျွန်းက ပီလာမြို့ကို ဦးတည် သွားနေတာဖြစ်ပါသည်။ လွတ်မြောက်သူ ၁၁၈ ဦးကို ကုသမှု ခံယူဖို့ အော်မ့ိုမြို့က ဆေးရုံကို ခေါ်ဆောင်သွားပြီလို့ ဘာယီလိုက ပြောပါသည်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ပျောက်ဆုံးနေဆဲ ခရီးသည်တွေကို ဆက်လက် ရှာဖွေနေဆဲပဲလို့ ၎င်းက ပြောပါတယ်။ (Xinhua)