Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံ အရှေ့ဂျာဗားရှိ မီးတောင် လှုပ်ရှားမှုကြောင့် လေဆိပ် ၅ ခုအား ပိတ်ထားခဲ့ရ

အင်ဒိုနီးရှား နိုင်ငံရှိ Lombok အပြည်ပြည်ဆိုင်ရာ လေဆိပ် (ဓာတ်ပုံ- အင်တာနက်)

ဂျာကာတာ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ဇူလိုင်လ ၁၀ ရက်နေ့က အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်း အရှေ့ဘက် Bondowoso ဒေသရှိ Raung မီးတောင် လှုပ်ရှားမှုကြောင့် လေဆိပ် ၅ ခု အား ပိတ်ထား ခဲ့ရကြောင်း သိရသည်။

ရပ်ဆိုင်း ထားသော လေဆိပ်များမှာ Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ Lombok အပြည်ပြည်ဆိုင်ရာ လေဆိပ် ၊ Selaparang လေဆိပ် ၊ Blimbingsari လေဆိပ် နှင့် Notohadinegoro လေဆိပ်တို့ ဖြစ်ကြသည်။ ၎င်း လေဆိပ်များသည် Bali ကျွန်း ၊ အနောက် Nusa Tenggara နှင့် အရှေ့ ဂျာဗား စသည့် ဒေသ ၃ ခုတွင်တည်ရှိသည်။

လေဆိပ် များရပ်ခဲ့ခြင်း နှင့် ပတ်သက်၍ အင်ဒိုနီးရှား နိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Barata မှ လေယာဉ်မှူးများ သို့ သတိပေး ချက် (NOTAM) ထုတ်ပြန် ခဲ့ပြီး လေဆိပ် ၅ ခု အား ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Barata မှ Raung မီးတောင် လှုပ်ရှားမှု အခြေအနေပေါ်မူတည် ပြီး NOTAM ထုတ်ပြန်ချက် ကို ပြင်ဆင် သွားမည်ဖြစ်ကြောင်း ၊ Raung မီးတောင် လှုပ်ရှားမှုကြောင့် ဂျာဗားကျွန်း အနောက်ဘက် မှ အရှေ့ဘက် သို့ ပျံသန်းမည့် ပြည်တွင်း လေကြောင်း ခရီးစဉ် ၈ ခု နှင့် အပြည်ပြည် ဆိုင်ရာ လေကြောင်း ခရီးစဉ် ၁ ခု အား ဖျက်ခဲ့ရကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.