Asia
ဗီယက်နမ်က ၂၀၁၇ ခုနှစ်တွင် လေထုညစ်ညမ်းမှု စစ်ဆေးခြင်း တိုးမြှင့်လုပ်ဆောင်မည်

ဟနွိုင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံတွင် ၂၀၁၇ ခုနှစ်၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေထုညစ်ညမ်းမှု ဖြစ်ပွားခြင်းအတွက် အကြောင်းရင်း ဖြစ်စေနိုင်သည့် အလားအလာရှိသော စီမံကိန်းများကို ဗီယက်နမ်နိုင်ငံ သဘာဝ ပတ်ဝန်းကျင်နှင့် သဘာဝ အရင်းအမြစ်များ ဝန်ကြီးဋ္ဌာန (MoNRE) က စစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Vietnam News သတင်းစာက ဇန်နဝါရီလ ၁၀ ရက်က ဖော်ပြထားသည်။
MoNRE ဝန်ကြီး Tran Hong Ha က အသစ် ထုတ်ပြန်လိုက်သည့် ဆုံးဖြတ်ချက်အရ မြို့များနှင့် ပြည်နယ်ဆိုင်ရာ ခေါင်းဆောင်များ အနေဖြင့် အထည် ဆေးဆိုးခြင်းလုပ်ငန်း၊ သတ္တုနှင့် ဓာတုဗေဒ၊ စက္ကူ၊ သစ်ပျော့ဖတ်၊ ပလောပီနံမှုန့်၊ ရာဘာ၊ ကြံ၊ သားရေနှင့် အပူ စွမ်းအင် ထုတ်လုပ်ခြင်းလုပ်ငန်းများ၌ ရေဒါစနစ်ဖြင့် စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်တွင် စစ်ဆေးခံရပြီး ဖြစ်သော လုပ်ငန်းများမှလွဲ၍ စွန့်ပစ်ရေ ၂၀၀ ကုဗမီတာနှင့် အထက် ထွက်ရှိသည့် စက်ရုံများအားလုံး စစ်ဆေးခံရမည် ဖြစ်သည်။
၂၀၁၆ ခုနှစ်က ဗီယက်နမ်နိုင်ငံ၌ စတီး ကုမ္ပဏီ တစ်ခုမှ သတ်မှတ်ချက်ထက်ပိုများသော စွန့်ပစ်ရေဆိုးများကြောင့် အလယ်ပိုင်း ကမ်းရိုးတန်းနယ်မြေတွင် ငါး အများအပြား သေဆုံးမှု အပါအဝင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)