Connect with us

Asia

၂၀၁၆ခုနှစ်အတွင်း ဗီယက်နမ်၌ ဆိုင်ကယ်အသုံးပြုမှု ၃.၁သန်းကျော်ရှိခဲ့

ဗီယက်နမ်နိုင်ငံရှိ ဆိုင်ကယ်စီးနင်းသူများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၆ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ ဈေးကွက်၌ ဆိုင်ကယ်ဝယ်ယူမှုအရေအတွက်သည် ၃.၁သန်းကျော်ရှိလာပြီး ယခင်နှစ်ထက် ၉.၅ရာခိုင်နှုန်းတိုးတက်လာကြောင်း ဗီယက်နမ်နိုင်ငံ ဆိုင်ကယ်ထုတ်လုပ်သူများအသင်း (VAMM) က ဇန်နဝါရီ ၁၁ရက် တွင် ထုတ်ပြန်ခဲ့သည်။

၂၀၁၆ခုနှစ် ပထမခြောက်လအတွင်း ဗီယက်နမ်ဆိုင်ကယ်ဝယ်ယူသူများသည် ဆိုင်ကယ်အစီး ၁.၄၄၄သန်း ကျော်ဝယ်ယူခဲ့ပြီး ဇူလိုင်လမှ ဒီဇင်ဘာလအထိ ဆိုင်ကယ်ဝယ်ယူမှု အရေအတွက်သည် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၁.၆၇၆သန်းရှိလာကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံတွင် မော်တော်ကားများထက် ဆိုင်ကယ်ဝယ်ယူမှု နည်းပါးလာခြင်းနှင့် ပတ်သက်၍ ပညာရှင်များက ဗီယက်နမ်နိုင်ငံအတွင်း ဆိုင်ကယ်အသုံးပြုမှုသည် အမြင့်ဆုံးအရေအတွက်သို့ ရောက်ရှိနေပြီဖြစ်၍ မော်တော်ကားများကဲ့သို့ အရေအတွက် အများအပြား တိုးတက်လာဖွယ်မရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

VAMM အုပ်စုတွင် ပါဝင်သည့် အဖွဲ့ဝင်ငါးဦးမှာ Honda, Yamaha, Piaggio, Suzuki နှင့် SYM တို့ဖြစ်ပြီး ဆိုင်ကယ်အမျိုးအစား ၅၅မျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.