Asia
ဗီယက်နမ် ဝန်ကြီးချုပ်သစ် အဖြစ် ငုယင် ကျန်းဖက် ရွေးကောက်ခံရ

ဟနွိုင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်သစ် အဖြစ် ငုယင် ကျန်းဖက် (Nguyen Xuan Phuc) အား ဗီယက်နမ် လွှတ်တော် က ဧပြီလ ၇ ရက်တွင် ရွေးကောက်ခဲ့သည်။
အမျိုးသား လွှတ်တော်တွင် မဲပေးခွင့်ရှိသူ ၄၉၀ ရှိသည့်အနက် ထောက်ခံမဲ ၄၄၆ မဲ ဖြင့် ၁၃ ကြိမ်မြောက် အမျိုး သားလွှတ်တော်၏ ၁၁ ကြိမ်မြောက် အစည်းအဝေး၌ အစိုးရအဖွဲ့ အကြီးအကဲသစ် အဖြစ် တင်မြှောက်ခဲ့သည်။
အသက် ၆၁ နှစ်အရွယ် ဖက်သည် ဝန်ကြီးချုပ်အဖြစ် ငုယင် တန်ဒန်း (Nguyen Tan Dung) ၏ နေရာ၌ အစားထိုး တာဝန်ထမ်းဆောင်မည် ဖြစ်သည်။
“နိုင်ငံ၊ ပြည်သူလူထုနဲ့ ဗီယက်နမ်နိုင်ငံ၏ အခြေခံဥပဒေကို အပြည့်အဝ သစ္စာရှိမည် ဖြစ်ကြောင်း ကျွန်တော် ကျမ်းသစ္စာ ကျိန်ဆိုပါတယ်” ဟု ဖက်က ကြေညာချက်၌ ပြောကြားထားသည်။
၁၂ ကြိမ်မြောက် အမျိုးသားပါတီ ကွန်ဂရက်၏ သံန္နိဋ္ဌာန်အား ထိရောက်စွာ အကောင်အထည်ဖော်ရန် ဗီ ယက်နမ် ကွန်မြူနစ်ပါတီ (CPVCC) ၏ ခေါင်းဆောင်ပိုင်း နေရာများအား အစားထိုးခြင်းနှင့် ပြန်လည် စီမံခန့်ခွဲ ခြင်းများ ပြုလုပ်ရန် CPVCC ခေါင်းဆောင် ငုယင် ဖူထရုန် (Nguyen Phu Trong) က မတ်လ အစောပိုင်းက ပြောကြားခဲ့သည်။
ထို့ပြင် ငုယင် သီကင်မ်ငန် (Nguyen Thi Kim Ngan) အား အမျိုးသား လွှတ်တော်၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌအဖြစ် မတ်လ ၃၁ ရက်က ခန့်အပ်ခဲ့သလို ထရန် ဒိုင်ကွမ် (Tran Dai Quang) သည်လည်း ဗီယက်နမ်နိုင်ငံ သမ္မတ အဖြစ် ဧပြီလ ၂ ရက်က ရွေးကောက်ခံရကြောင်း သိရသည်။ (Xinhua)