Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူလက်မှတ်ရေးထိုးရန်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ အောက်တိုဘာ  ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်မှ စတင်ကာ လေးရက်ကြာတရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) ၏ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူစာချုပ် တစ်ဒါဇင်ခန့် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သည် ယခုနှစ် ဇန်နဝါရီလတွင် ဝန်ကြီးချုပ်အဖြစ် သုံးနှစ်မြောက်သက်တမ်းအတွက် တာဝန်ယူပြီးနောက် ဟာစီနာက အိန္ဒိယနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့ခြင်းဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်သည် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ၏ အိန္ဒိယစီးပွားရေး ထိပ်သီးအစည်းအဝး တက်ရောက်ရန် အောက်တိုဘာလ ၃ ရက်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေ.ကေ. အဗ္ဗဒူလ်မိုမန် (A.K. Abdul Momen) က အောက်တိုဘာလ ၂ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ စာချုပ် ၁၀ ခုမှ ၁၂ အထိ လက်မှတ်ရေးထိုးနိုင်မယ် ထင်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) တို့ နယူးဒေလီမြို့တွင် တွေ့ဆုံပြီးနောက် ကွန်ရက်ချိတ်ဆက်မှု၊ နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အခြားသော ကဏ္ဍများဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ (Xinhua)