Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၌ ကူးတို့လှေတိမ်းမှောက် ၊ လူ ၃၀ ဦးထက်မနည်း သေဆုံး 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဘူရိဂင်္ဂါမြစ်အတွင်း ကူးတို့လှေတိမ်းမှောက်မှု ဖြစ်ပွားရာ နေရာသို့ လာရောက်ကြည့်ရှုသူများအား ဇွန် ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဘူရိဂင်္ဂါ(Buriganga)မြစ်အတွင်း လူပေါင်းများစွာ တင်ဆောင်လာသော ကူးတို့လှေတစ်စီးသည် ဇွန် ၂၉ ရက်တွင် နစ်မြုပ်သွားခဲ့ပြီးနောက် ရုပ်အလောင်း ၃၀ ထက်မနည်းကို  ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။ 

“တွေ့ရှိထားတဲ့ ရုပ်အလောင်း ၃၀ မှာ အမျိုးသား ၁၉ ဦး ၊ အမျိုးသမီး ၈ ဦးနဲ့ ကလေး ၃ ဦး ပါဝင်ပါတယ်။”ဟု မီးသတ် နှင့် ပြည်သူ့ကာကွယ်ရေးဌာန၏ အကြီးတန်း အရာရှိ အန်နာယတ်ဟူစိန်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ တာဝန်ရှိသူ၏ ပြောကြားချက်အရ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဒါကာမြို့ Sadarghat ကူးတို့ဆိပ်ကမ်းအနီးရှိ ဘူရိဂင်္ဂါမြစ်အတွင်း “Moyur-2” အမည်ရှိ လှေတစ်စင်းက ဝင်တိုက်ခဲ့ရာမှ ဒါကာမြို့တော်သို့ ဦးတည်မောင်းနှင်နေသည့် “Morning Bird” ကူးတို့လှေ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ကူးတို့လှပေါ်မှာ ခရီးသည် ၅၀ ကနေ ၆၀ အထိ တင်ဆောင်လာတယ်လို့ ကျွန်တော်တို့ သိရပါတယ်။”ဟု အန်နာယတ်ဟူစိန်က ပြောကြားခဲ့သည်။ 

ဘူရိဂင်္ဂါမြစ်အတွင်း ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ကယ်ဆယ်ရေးသမားများအား တွေ့ရစဉ်(ဆင်ဟွာ) 

 ကူးတို့လှေ တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ငိုကြွေးနေသော အမျိုးသမီး တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ) 

 လှေတိမ်းမှောက်စဉ် ခရီးသည်အချို့သည် ကမ်းပေါ်သို့ ရေကူးလွတ်မြောက်သွားခဲ့ကြောင်း ၎င်းက ဆိုသည်။ ဒါကာမြို့၏ အနောက်တောင်ဘက် မြို့၏ ဆင်ခြေဖုံးရပ်ကွက်များကို ဖြတ်သန်းစီးဆင်းနေသော ဘူရိဂင်္ဂါမြစ်သည် ရေစီးသန်မှု နှင့် လှိုင်းထနေမှုကြောင့် ကယ်ဆယ်ရေးအတွက် အခက်အခဲများစွာဖြစ်ပေါ်စေခဲ့ကြောင်း  ၎င်းက ပြောကြားခဲ့သည်။ အဆိုပါလှေအား ကမ်းခြေသို့ ပြန်လည် ဆယ်တင်ခြင်း မပြုလုပ်နိုင်သေးကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သယ်ယူပို့ဆောင်ရေးတွင် ကူးတို့လှေသည် အလွန်အရေးပါသောနေရာတွင်ရှိနေပြီး ကူးတို့လှေအများစုသည် မကြာခဏဆိုသလို  ဝန်ပိုတင်ဆောင်မှုများရှိနေကြောင်း  သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.