Connect with us

Asia

ပြောင်းလဲနေသည့် ကမ္ဘာ့အလုပ်သမားရေးရာကဏ္ဍတွင် မည်သူ့ကိုမျှချန်ထားရစ်မည်မဟုတ်ကြောင်း အာဆီယံခေါင်းဆောင်များ ကတိပြု

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ၃၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး မျက်နှာစုံညီအစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

အာဆီယံ ၁၀ နိုင်ငံမှခေါင်းဆောင်များသည် ဇွန်လ ၂၆ ရက်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပသော ၃၆ ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေး၌ ပြောင်းလဲနေသည့် ကမ္ဘာ့အလုပ်သမားရေးရာကဏ္ဍတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံကြေညာချက် (ASEAN Declaration on Human Resources Development for the Changing World of Work) ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင် အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် ၎င်း၏ပြင်ပမိတ်ဖက်များအကြား ပြောင်းလဲနေသည့် ကမ္ဘာ့အလုပ်သမားရေးရာကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး၌ ပုံစံများ၊ အလေ့အကျင့်ကောင်းများနှင့် အတွေ့အကြုံကောင်းများ မျှဝေရေး လွယ်ကူစေရန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြကြောင်း ဖော်ပြထားသည်။ 

ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် အလုပ်အကိုင်များအား အခွင့်အလမ်းရော စိန်ခေါ်မှုကိုပါ ပေးစွမ်းနိုင်သည့် နည်ပညာတိုးတက်မှုများ၊ လူဦးရေဆိုင်ရာ အပြောင်းအလဲနှင့် အစိမ်းရောင်စီးပွားရေး စသည်တို့ကြောင့် ပြောင်းလဲလာသည့် ကမ္ဘာ့အလုပ်သမားရေးရာကဏ္ဍကို ခေါင်းဆောင်များက သတိပြုလျက်ရှိကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ 

ခေါင်းဆောင်များအနေဖြင့် အာဆီယံ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး (TVET) ကောင်စီကို တီထွင်ဆန်းသစ်မှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း TVET အဆင့်မြှင့်တင်မှုအတွက် ထောက်ပံ့ပေးသည့် ဒေသတွင်း  အစီအစဉ်များကို စောင့်ကြည့်သော ပလက်ဖောင်းတစ်ခုအဖြစ် တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ကြေညာချက်အရ သိရသည်။ 

၃၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအား ဗီယက်နမ်နိုင်ငံ ဒါနန်မြို့တွင် ဧပြီလက ပြုလုပ်ရန်လျာထားသော်လည်း COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117