Connect with us

Asia

ဘင်္ဂလားဒေ့ရှ်လူမျိုး “သစ်ပင်လူသား” ၏ ညာလက်အားအောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့

ဘင်္ဂလားဒေ့ရှ်လူမျိုး “သစ်ပင်လူသား” အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဆရာဝန် ကိုးဦးပါဝင်သည့် ဆေးပညာအဖွဲ့သည် လက်နှင့် ခြေထောက်များတွင် သစ်ပင်သဖွယ် အဖု အထစ်များ ထွက်နေသည့် အဘူ ဘာဂျန်တာ အမည်ရှိ ဘင်္ဂလားဒေ့ရှ်လူမျိုး “သစ်ပင်လူသား” ၏ ညာလက်အား ဖေဖော်ဝါရီ ၂၀ ရက်နေ့ က ခွဲစိတ်ပေးခဲ့ကြောင်းသိရသည်။

အဘူ ဘာဂျန်တာ အား ဒါကာ ဆေးပညာကောလိပ် နှင့် ဆေးရုံ (DMCH) တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အောင်မြင်ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှု၊ ပလတ်စတစ် ဆာဂျရီ နှင့်စီမံကိန်း ဌာန ၏အကြီးအကဲ Prof. Md Abul Kalam သည် အဖွဲ့ဝင် ကိုးဦးပါဝင်သည့် ဆေးပညာ အသင်းအားဦးဆောင်ပြီး ခွဲစိတ်မှု ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၀း၃၀ မှ စတင်၍ ၄နာရီကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းက ဘာဂျန်တာအတွက် ကျန်ရှိနေသည့် ခွဲစိတ်မှု များကို တဖြည်းဖြည်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲသည်။

ဘာဂျန်တာသည် epidermodysplasia verruciformis အမည်ရှိ ရှားပါး ရောဂါတစ်မျိုးကို နှစ်ပေါင်း ၂၀ကျော် ကြာ ခံစားခဲ့ရပြီး အဆိုပါရောဂါကြောင့် ၎င်း၏ လက်နှင့် ခြေထောက်များတွင် အလေးချိန် အားဖြင့် ၄ ကီလိုဂရမ်ရှိသည့် သစ်ပင်သဏ္ဍာန် အဖုအထစ်များ ဖြစ်ပေါ်နေကြောင်းသိရသည်။

အဆိုပါ ရှားပါးရောဂါအား “သစ်ပင်လူသား” ရောဂါဟု ခေါ်လေ့ရှိသည်။

ဘာဂျန်တာသည် ကမ္ဘာပေါ်တွင် အဆိုပါရောဂါဖြစ်ပွားနေသည့် လေးဦးမြောက်လူသားဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.