Connect with us

Asia

စင်ကာပူ လေကြောင်း ကုန်စည်ပြပွဲ ၌ လေကြောင်းကုမ္ပဏီကြီးများသည် တရုတ်ဈေးကွက်အပေါ် ပိုမို အာရုံစိုက်

၂၀၁၆ခုနှစ် စင်ကာပူ လေကြောင်း ကုန်စည်ပြပွဲ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

စင်ကာပူ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အာရှတွင် အကြီးဆုံး နှင့် ကမ္ဘာပေါ်ရှိ အရေးပါဆုံး လေကြောင်းအာကာသ နှင့် ကာကွယ်ရေး ကုန်စည်ပြပွဲများ အနက် တစ်ခုဖြစ်သည့် စင်ကာပူ လေကြောင်း ကုန်စည်ပြပွဲ အား ဖေဖော်ဝါရီလ၁၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲသည် ဖွံ့ဖြိုးတိုးတက်မှု များ လျင်မြန်စွာဖြစ်ပေါ်နေသည့် အာရှပစိဖိတ် ဒေသ တွင် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေသည့် နိုင်ငံတကာမှ ကုမ္ပဏီများအတွက် အဓိကလမ်းစ တစ်ခု အဖြစ် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆ခုနှစ် လေကြောင်း ကုန်စည်ပြပွဲ တွင် ကမ္ဘာအရပ်ရပ်မှ နာမည်ကြီး လေကြောင်း အာကာသနှင့် ကာကွယ်ရေး ကုမ္ပဏီများ ပါဝင်ပြီး နိုင်ငံပေါင်း ၅၀ မှ လာရောက်ပြသသည့် ကုမ္ပဏီ ၁၀၀၀ ကျော်၏ ၇၅ရာခိုင်နှုန်း သည် ယခုနှစ်ပြပွဲတွင် ထပ်မံလာရောက်ပြသသူများဖြစ်ကာ ကမ္ဘာ့ထိပ်တန်း လေကြောင်း ကုမ္ပဏီ ၁၀၀ ရှိသည့်အနက် ကုမ္ပဏီ ၆၅ ခု ပါဝင်ခဲ့ကြကြောင်း သိရသည်။

Boeing နှင့် Airbus လေကြောင်း ကုမ္ပဏီကြီးများ သည် နောက်အနှစ် ၂၀ အတွင်း လေယာဉ်ထုတ်လုပ်ရေး အတွက် ၎င်းတို့၏ မျှော်မှန်းချက်များကို ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံ နှင့်အတူ အာရှ ပစိဖိတ်ဈေးကွက် တွင် ခိုင်မာသည့် တိုးတက်မှု ရရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ လေကြောင်းလိုင်းများသည် လာမည့် ဆယ်ရာစုနှစ် ၂ခုအတွင်း Boeing ကုမ္ပဏီ ထံမှ အမေရိကန်ဒေါ်လာ ၉၅၀ ဘီလီယံ တန်ဖိုးရှိသည့် လေယာဉ်အသစ် ၆၃၃၀ စီး လိုအပ်နိုင်ဖွယ်ရှိကြောင်း Boeing ၏ ပြောကြားချက်အရ သိရပြီး ယင်းပမာဏသည် တစ်ကမ္ဘာလုံး စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
စင်ကာပူ လေကြောင်းကုန်စည်ပြပွဲ ၏ ဒုတိယမြောက်နေ့တွင် တရုတ်နိုင်ငံ ၏ Okay လေကြောင်းလိုင်းသည် Boeing 737 jets ၁၂ စီးအတွက် စာချုပ်ချုပ်ဆိုခဲ့ပြီး 737 MAX 9 အမျိုးအစားအားမှာယူသည့် ပထမဆုံး တရုတ်လေကြောင်းလိုင်း ဖြစ်လာကြောင်း သိရသည်။
လေကြောင်းကုန်စည်ပြပွဲအား နောက်ဆုံးကျင်းပခဲ့စဉ် က အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံတန်ဖိုးရှိသည့် စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပြီး ပွဲစီစဉ်သူ Experia Events ကုမ္ပဏီ က ၂၀၁၆ခုနှစ်တွင်လည်း ယခင်နှစ် နှင့်တန်ဖိုး ညီမျှသည့် စာချုပ်များ ချုပ်ဆိုနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
အဆိုပါ လေကြောင်း ကုန်စည်ပြပွဲအား ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံး ၂ရက်တွင် အများပြည်သူများအား ဝင်ရောက် ကြည့်ရှုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.