Connect with us

Asia

အမေရိကန် မောင်းသူမဲ့လေယာဉ် အာဖဂန်နစ္စတန် တောင်ပိုင်းတွင် ပျက်ကျ

အာဖဂန်နစ္စတန် တောင်ပိုင်းတွင် ပျက်ကျခဲ့သည့် အမေရိကန် မောင်းသူမဲ့လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကဘူးလ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန် မောင်းသူမဲ့လေယာဉ် (UAV) သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ ပြည်နယ် တွင် ပျက်ကျခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိကြောင်း နေတိုးဦးဆောင်သည့် ထောက်ပံ့ရေး မစ်ရှင် (RS) က ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။

မစ်ရှင်က မောင်းသူမဲ့လေယာဉ် (UAV)ပျက်ကျမှု ဖြစ်စဉ် အား စုံစမ်းဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကန်ဒါဟာသည် တာလီဘန်စစ်သွေးကြွများ၏ မွေးရပ်မြေဖြစ်ပြီး သဘောထားတင်းမာသည့် အုပ်စု၏ ခြေကုပ်ယူခဲ့သည့် နေရာဟောင်း ဖြစ်ကာ ဧရိယာ တော်တော်များများတွင် လွန်ခဲ့သည့် နှစ်များအတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)