Connect with us

Asia

ဘင်္ဂလားဒေ့ရှ်လေဆိပ်တွင် ရွှေချောင်း ၁၂ချောင်း စအိုထဲဖွက်လာသည့် ခရီးသည်တစ်ဦးအား ဖမ်းမိ

ရွှေချောင်းများ ထည့်လာသော အိတ်ငယ်သုံးအိတ်ကို ဖော်ပြထားသည့် ဓါတ်မှန်အား အကောက်ခွန်အရာရှိများက စစ်ဆေးနေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒါကာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အဓိက လေဆိပ်ဖြစ်သည့် ဒါကာမြို့ လေဆိပ်တွင် အလေးချိန် ၁.၂ကီလိုဂရမ်ရှိသော ရွှေချောင်း ၁၂ချောင်းအား စအိုထဲ၌ ထည့်သွင်းဖွက်လာသည့် ပြည်ပမှ ဆိုက်ရောက်လာသော ခရီးသည်တစ်ဦးအား အကောက်ခွန်တာဝန်ရှိသူများက ဇန်နဝါရီ ၅ရက်တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အကောက်ခွန် စုံစမ်းစစ်ဆေးရေးဋ္ဌာန တာဝန်ရှိသူတစ်ဦးက ရွှေချောင်း၁၂ချောင်းကို စအိုထဲ ထည့်သွင်းလာသည့် လူတစ်ဦးကို ထိန်းသိမ်းထားကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

အဆိုပါ အမည်မဖော်လိုသူ တာဝန်ရှိသူက Sharif Ahmed အမည်ရှိ အမျိုးသားသည် မလေးရှားနိုင်ငံမှ ဒါကာမြို့ရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇန်နဝါရီ ၅ရက်တွင် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တာဝန်ရှိသူ၏ပြောကြားချက်အရ အဆိုပါအမျိုးသား၏ မူမမှန်သည့် လမ်းလျှောက်ပုံများကြောင့် အကောက်ခွန်တာဝန်ရှိသူများက သံသယဖြစ်ကာ ၎င်းအား ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမျိုးသားအား ဓါတ်မှန်ရိုက်ကြည့်ပြီးနောက် ၎င်း၏စအိုအတွင်း၌ အိတ်ငယ်သုံးအိတ်ကို တွေ့ရှိခဲ့ကြောင်း နှင့် ၎င်းသည် အဆိုပါ အိတ်ငယ်များအား အပြင်သို့ ထုတ်ပေးခဲ့ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။

တာဝန်ရှိသူ၏ပြောကြားချက်အရ ရွှေချောင်းများသည် ဘင်္ဂလားဒေ့ရှ် တာကာ ၆သန်း (အမေရိကန်ဒေါ်လာ ၇၂,၂၈၉ ဒေါ်လာ) တန်ဖိုးရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.