Connect with us

Asia

အင်ဒိုနီရှားနိုင်ငံ ဂျာဗားတွင် လေပွေတိုက်ခတ်မှုကြောင့် လူ ၂ ဦ သေဆုံး၊ အိမ်ခြေ ၃၀၀ နီးပါး ပျက်စီး

အင်ဒိုနီးရှားတွင် သဘာဝဘေးကြောင့် ရွှေ့ပြောင်းနေကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ Yogyakarta နှင့် အရှေ့ ဂျာဗားပြည်နယ်များတွင် လေပွေပြင်း တိုက်ခတ်မှုကြောင်း လူ ၂ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေနှင့် အခြေခံ အဆောက်အအုံ အသုံးအဆောင် ၃၀၀ နီးပါး ပျက်စီးသွားခဲ့ကြောင်း သဘာဝဘေး အေဂျင်စီ တာဝန်ရှိသူက ဇန်နဝါရီလ ၆ ရက် အစောပိုင်းက ပြောကြားလိုက်သည်။

လေပွေ တိုက်ခတ်မှုကြောင့် Yogyakarta ပြည်နယ် Sleman ခရိုင်နှင့် အရှေ့ဂျာဗားပြည်နယ် Jember ခရိုင်များ၌ လျှပ်စစ်မီး ပြတ်တောက်ခြင်းကာ သစ်ပင် ဒါဇင်ပေါင်းများစွာ လဲပြိုခဲ့ကြောင်း အမျိုးသား သဘာဝဘေး အေဂျင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် Sutopo Purwo Nugroho က တယ်လီဖုန်းက တဆင့် ဆင်ဟွာသို့ ပြောသည်။

ဒေသခံ သဘာဝဘေး အေဂျင်စီ တာဝန်ရှိသူများကလည်း လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအား စိစစ်နေကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)