Connect with us

Asia

ပါကစ္စတန်ဗိုလ်ချုပ်ကြီး(ဟောင်း)အား အစ္စလမ်မစ် ၃၉ နိုင်ငံညွန့်ပေါင်းတပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ် ခန့်အပ်

ပါကစ္စတန်နိုင်ငံစစ်တပ်အကြီးအကဲ(ဟောင်း) ဗိုလ်ချုပ်ကြီး Raheel Sharif အားတွေ့ ရစဉ်(ဆင်ဟွာ)

အစ္စလမ်မာဘတ် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၏ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး(ဟောင်း) ရာဟီရှရစ် ( Raheel Sharif ) အား အစ္စလမ်မစ် ၃၉ နိုင်ငံ ညွန့်ပေါင်း တပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Khwaja Asif က ဇန်နဝါရီလ ၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အကြမ်းဖက်သမားများအား ပူးပေါင်း တိုက်ခိုက်ရန်အတွက် အစ္စလမ်မစ်စစ်တပ်ညွှန့်ပေါင်း တပ်ဖွဲ့ကို ဖွဲ့စည်းရန် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဆော်ဒီအာရေးဗျနိုင်ငံက ကြေညာခဲ့သည်။ အဆိုပါ ညွန့်ပေါင်းတပ်ဖွဲ့သည် မည်သည့်အကြမ်းဖက်အဖွဲ့အစည်း (သို့မဟုတ်) မည်သည့် အကြမ်းဖက် အယူဝါဒလမ်းစဉ်ကို ကျင့်သုံးသည့် အဖွဲ့အစည်းအားလုံး နှင့် အစွန်းရောက်လက်နက်ကိုင် အဖွဲ့အားလုံး၏ ဘေးအန္တရာယ်မှ ကာကွယ်ရန် တာဝန်ယူရမည်ဖြစ်သည်။

ထို့ပြင် ကမ္ဘာတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေသည့် လုပ်ရပ်များကိုလည်း အကာအကွယ်ပေးရန်အတွက်ဖြစ်သည်ဟု ညွန့်ပါင်းတပ်ဖွဲ့၏ ရည်ရွယ်ချက်ဆိုင်ရာ ထုတ်ပြန်ချက်ကို ဆော်ဒီသတင်းအေဂျင်စီက အစောပိုင်းက ရေးသားဖော်ပြခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ရာဟီရှရစ်အား ညွန့်ပေါင်းတပ်ဖွဲ့အကြီးအကဲခန့်အပ်ရန် သဘောတူညီခဲ့ကြောင်း Geo ရုပ်မြင်သံကြား၌ ဇန်နဝါရီလ ၆ ရက်တွင် Khwaja Asif က ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သဘောတူညီမှုအသေးစိတ်အကြောင်းအရာကိုထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

ရာဟီရှရစ်သည် ပါကစ္စတန်နိုင်ငံ၏ စစ်ဦးစီးချုပ်အဖြစ် ၃ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင် တာဝန်မှ အနားယူခဲ့သူဖြစ်သည်။ ၎င်းသည် ပါကစ္စတန်စစ်တပ်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများအပေါ် အဓိက စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အစ္စလမ်မစ် ၃၉ နိုင်ငံ ညွန့်ပေါင်းတပ်ဖွဲ့တွင် ဆော်ဒီအာရေးဗျ၊ ဂျော်ဒန် ၊ ယူအေအီး ၊ ပါကစ္စတန်၊ဘာရိန်း ၊ ဘင်္ဂလားဒေ့ရှ် ၊ ဘီနီ ၊ တူရကီ ၊ ချက်ဒ် ၊ တိုဂို ၊ တူနီးရှား ၊ ဒီဂျီဘော့တီ (Djibouti) ၊ ဆီနီဂေါ ၊ ဆူဒန် ၊ ဆီရီယာလီယွန် ၊ ဆိုမာလီယာ ၊ ဂါဘွန် ၊ ဂူနီယာ(Guinea) ၊ ပါလက်စတိုင်း ၊ ကိုမိုရိုစ် ၊ ကာတာ ၊ Cote d’Ivoire ၊ ကူဝိတ် ၊ လက်ဘနွန် ၊ လစ်ဗျား ၊ မော်လ်ဒိုက်စ် ၊ မာလီ ၊ မလေးရှား ၊ အီဂျစ် ၊ မော်ရိုကို ၊ Mauritania ၊ နိုက်ဂျာ ၊ နိုက်ဂျီးရီးယား နှင့် ယီမင် နိုင်ငံတို့ပါဝင်ကြောင်း သိရသည်။(Xinhua)