Connect with us

Asia

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်ရေဘေးကြောင့် လူ ၂၀ သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒက်ကာတွင် ၂၀၁၇ ခုနှစ်အတွင်း ကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းများ ရေလွှမ်းမိုးနေသည်ကိုတွေ့ရစဉ်(အင်တာနက်)

ဒက်ကာ၊ ဇူလိုင်လ ၁၆ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံ၏သုံးပုံတစ်ပုံဖြစ်သောခရိုင် ၁၈ ခု၌ ရေလွှမ်းမိုးမှုဖြစ်ပွားလျက်ရှိရာ လူ ၂၀ ဦးသေဆုံးခဲ့ရပြီး ရေလွှမ်းမိုးမှုဒဏ်ကို လူ ၅၀၀,၀၀၀ ခန့်ခံစားရလျက်ရှိကာ မိသားစုပေါင်းများစွာ အိုးအိမ်များစွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာန မှအရာရှိတစ်ဦးဖြစ်သည့် အမ်ဒီ အဘူဘာကာ(Md Abu Bakar) ကဇူလိုင်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သောအပတ်မှစ၍အိန္ဒိယနိုင်ငံနှင့်နယ်စပ်တစ်လျှောက်တွင် ရာသီမိုးများသည်းထန်စွာရွာသွန်း မှုနှင့် တောင်ကျရေများစီးဆင်းမှုကြောင့် ရေကြီးမှုများနှင့်မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်။

မိသားစုပေါင်းများစွာယာယီအိုးအိမ်များဖြင့်ခိုလှုံနေကြရသည့်နေရာများသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့များကို အစိုးရကအရေးတကြီးစေလွှတ်ထားပြီးကယ် ဆယ်ရေးစခန်းများထူထောင်ကာ ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေပေးထားကြောင်းလည်း ဘာကာက ဆင်ဟွာသတင်းဌာနသို့ပြောခဲ့သည်။

နိုင်ငံအတွင်းမြစ်ပေါင်း ၂၃၀ ကျော်တစ်ခုနှင့်တစ်ခုဖြတ်သန်းတည်ရှိနေရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ပြည်သူ

သန်းပေါင်းများစွာမှာ ရာသီမိုးများရွာသွန်းမှုကြောင့် နိုင်ငံ၏မြေနိမ့်ပိုင်းဒေသများတွင်နှစ်စဉ်ရေလွှမ်းမိုး မှုများကြုံတွေ့ခံစားနေရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.