Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံ ဘာလီ ကျွန်း အနောက်တောင်ပိုင်း ပင်လယ်ပြင် တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ်

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ဂျာကာတာ ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ ဘာလီ ကျွန်း အနောက်တောင်ပိုင်း ပင်လယ်ပြင် တွင် ဇူလိုင် ၁၆ ရက် ၌ ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်ဆီး ဆုံးရှုံးမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ မိုးလေဝသ နှင့် ဘူမိရူပ ဌာန ၏ ထုတ်ပြန်ကြေညာချက် အရ ငလျင် က ဒေသစံတော်ချိန် ၇ နာရီ ၁၈ မိနစ် တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ဘာလီကျွန်း အနောက်တောင်ပိုင်း ၈၃ ကီလီုမီတာ အကွာအဝေး တွင် မြေအောက်အနက် ၆၈ ကီလိုမီတာ သို့ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ က အစိုးရ က ဘာလီကျွန်း အနီးတဝိုက် ရှိ ပြည်သူလူထု များအား လုံခြုံရေး သတိပြုရန် ကြေညာ ခဲ့ပြီး နောက်ဆက်တွဲ ငလျင် လှုပ်ခတ် နိုင်သောကြောင့် နံရံ အက်ကွဲ နေသည့် အဆောက်အဦများ အဝေး တွင် နေထိုင်ကြရန် သတိပေးခဲ့သည်။ ယခု လှုပ်ခတ်ခဲ့သည့် ငလျင် နှင့် ပတ်သက်၍ ဆူနာမီ သတိပေး ကြေညာချက် မထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ က ပစိဖိတ် သမုဒ္ဒရာ ၏ ငလျင်ကျော အပေါ် တွင် တည်ရှိနေပြီး နှစ်စဉ် ငလျင်ပေါင်း ထောင်နှင့်ချီ၍ လှုပ်ခတ်လေ့ရှိကြောင်း ၊ ဇူလိုင် ၁၄ ရက် တွင် အင်ဒိုနီးရှား နိုင်ငံ ၌ ပြင်းအား ၇.၂ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးကာ လူပေါင်း ၂၀၀၀ ကျော် ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.