Asia
ဘန်ကောက်တွင် ပင်ပေါင်ဗုံးတစ်လုံး ပေါက်ကွဲခဲ့၍ သန့်ရှင်းရေးအလုပ်သမားတစ်ဦး ဒဏ်ရာရရှိ

ဘန်ကောက်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့ ရှိ ယူနက်စကို (UNESCO) ရုံး အနီးတွင် ဒေသစံတော်ချိန် နေ့လည် ၁း၃၀နာရီ က ပင်ပေါင်ဗုံးဟုယူဆရသော ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး သန့်ရှင်းရေးအလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းသတင်းဋ္ဌာန Komchadluek က ပေါက်ကွဲမှုမဖြစ်ပွားခင် အမျိုးသမီးသန့်ရှင်းရေးအလုပ်သမားတစ်ဦးသည် တိပ်အမည်းဖြင့်ပတ်ထားသော အရာတစ်ခုကို အိတ်တစ်လုံးအတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်သမားအား ဘန်ကောက်ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ယင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အချို့သတင်းဖော်ပြချက်များအရ ဗုံးသည် ပင်ပေါင်ဗုံး ပုံစံဖြစ်ကြောင်း သိရသည်။ (Xinhua)