Connect with us

Asia

အမေရိကန် နိုင်ငံ စစ်သင်္ဘော နှင့် ဖိလစ်ပိုင် နိုင်ငံ ကုန်တင် သင်္ဘော တိုက်မိကာ ၁ ဦး ဒဏ်ရာရရှိ ခဲ့ပြီး ၇ ဦး ပျောက်ဆုံးနေဆဲ

သင်္ဘော တိုက်မှု ဖြစ်ပွား ခဲ့သည့် အမေရိကန် နိုင်ငံ ရေတပ် အမှတ်(၇) ရေယာဉ်စု မှ Fitzgerald ဖျက်သင်္ဘော အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ဂျပန် နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ အမေရိကန် နိုင်ငံ ရေတပ် အမှတ်(၇) ရေယာဉ်စု မှ Fitzgerald ဖျက်သင်္ဘော သည် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဂျပန် နိုင်ငံ ရေပိုင်နက်အတွင်း ဖိလစ်ပိုင် နိုင်ငံ မှ ကုန်တင် သင်္ဘော နှင့် တိုက်မိခဲ့ပြီး အမေရိကန် နိုင်ငံ စစ်သင်္ဘော မှ တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိစေခဲ့ကာ ၇ ဦး ပျောက်ဆုံး စေခဲ့ကြောင်း သိရှိခဲ့ရသည်။

သတင်း ဖော်ပြချက်များအရ Fitzgerald ဖျက်သင်္ဘော သည် Yokosuka အနောက်တောင်ပိုင်း ကီလိုမီတာ ၁၀၀ အကွာအဝေးရှိ ရေပြင် တွင် ဖိလစ်ပိုင် နိုင်ငံ မှ ကုန်တင်သင်္ဘော နှင့် တိုက်မိခဲ့ပြီး သင်္ဘော တိုက်မှု ကြောင့် Fitzgerald ဖျက်သင်္ဘော လက်ဝဲဘက် အခြမ်း မှာ ဆိုးရွားစွာ ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွား ပြီးနောက်တွင် ဂျပန် နိုင်ငံ ရေကြောင်း ကာကွယ်ရေး တပ်ဖွဲ့မှာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်ခဲ့ပြီး အမေရိကန် နိုင်ငံ နှင့် အတူ သင်္ဘော တိုက်မှုကြောင့် ဖြစ်ပွားခဲ့သည့် ပျက်စီးမှု အခြေအနေ ကို စာရင်းပြုစုခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဖိလစ်ပိုင် ကုန်သင်္ဘော ရှိ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေ ကို မသိရှိရသေးဘဲ သင်္ဘော နှစ်စင်း မှာ လက်ရှိချိန်တွင် ဆီယိုဖိတ်မှု နှင့် နှစ်မြုပ်မှု မဖြစ်ပွား သေးကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ရေတပ် မှ Fitzgerald ဖျက်သင်္ဘော သည် အရှည် ၁၅၄ မီတာ နှင့် တန်ချိန် ၈၀၀၀ ရှိကာ ဖိလစ်ပိုင် နိုင်ငံ မှ ကုန်တင်သင်္ဘော သည် အရှည် ၂၂၂.၆ မီတာ ရှိပြီး တန်ချိန် ၂၉,၀၀၀ ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.