Connect with us

Asia

တောင်ကိုရီးယား နိုင်ငံ သမ္မတ က မြောက်ကိုရီးယား နိုင်ငံ မှ နျူကလီးယား စမ်းသပ် မှု ကို ရပ်ဆိုင်းပါက တောင်းဆိုချက်မဲ့ ဆွေးနွေးမှု ပြုလုပ်သွားလိုကြောင်းပြော

တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် နှင့် ဇနီး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် က မြောက်ကိုရီးယား နိုင်ငံ မှ နျူကလီးယား စမ်းသပ်မှု ကို မပြုလုပ်တော့ပါက တောင်ကိုရီးယား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အား မည်သည့် တောင်းဆိုမှု မှ မပြုလုပ်ဘဲ ဆွေးနွေးမှု များ ပြုလုပ်သွား လိုကြောင်း ဇွန်လ ၁၅ ရက်နေ့က ပြောကြားခဲ့သည်။

မွန်ဂျေအင် သည် “တောင်-မြောက် ပူးတွဲကြေညာစာတမ်း” ၁၇ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကို တက်ရောက်စဉ် အတွင်း အထက်ပါအကြောင်းအရာ ကိုပြောကြား ခဲ့ခြင်းဖြစ်ပြီး မိန့်ခွန်းပြောကြားရာတွင် တောင်ကိုရီးယား နိုင်ငံ အနေဖြင့် ၆ နိုင်ငံ ဆွေးနွေးမှု ရလဒ်များကို အကောင်အထည် ဖော်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းမည် ဟု ကတိပြုကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူကလီးယား စမ်းသပ်မှု ကို စွန့်လွှတ် ပါက ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး မူဘောင်တည်ဆောက်ရေး နှင့် မြောက်ကိုရီးယား-အမေရိကန် ဆက်ဆံရေး ပြန်လည်ထူထောင်ခြင်း စသော အကြောင်းအရာ များကို နှစ်နိုင်ငံအနေဖြင့် ဆွေးနွေးမှု ပြုလုပ် နိုင်မည် ဖြစ်ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ မှ နျူကလီးယား စမ်းသပ်မှု ကို စွန့်လွှတ် သည့် သက်သေပြချက် များကို တွေ့ရှိပါက တောင်ကိုရီးယား နိုင်ငံ အနေဖြင့် တက်ကြွစွာ ကူညီထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၀၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ထိုစဉ်က တောင်ကိုရီးယား နိုင်ငံ သမ္မတ က မြောက်ကိုရီးယား နိုင်ငံ ပြုံးယမ် သို့သွားရောက်လည်ပတ် ခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံ သမ္မတ နှင့် တွေ့ဆုံမှု တစ်ရပ်ပြုလုပ်ခဲ့သည်။တွေ့ဆုံမှု အပြီး တွင် နှစ်နိုင်ငံ မှ “တောင်-မြောက် ပူးတွဲကြေညာစာတမ်း” ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာ သိသာစွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.